vivo က အိန္ဒိယမှာ Y19e ကို ကြေညာလိုက်ပြီး ဘတ်ဂျတ် 4G စမတ်ဖုန်း ဖြစ်ပါတယ်။ 90Hz Display ၊ ကြီးမားတဲ့ Battery နဲ့ မာကျောတဲ့ ဒီဇိုင်းကို သုံးထားပါတယ်။

Vivo Y19e

Y19e မှာ 6.74” HD+ LCD Screen ပါလာပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Unisoc T7225 12nm Octa-core Processor ထည့်သွင်းထားပြီး 4GB LPDDR4X RAM နဲ့ 64GB Storage ပါပါတယ်။ 2TB microSD Card စိုက်နိုင်ပါတယ်။ Android 14 အခြေပြု Funtouch OS 14 ပါလာပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။

Vivo Y19e

အဲဒီဖုန်းရဲ့ မာကျောမှုဟာ အဓိက စွမ်းရည်ဖြစ်ပြီး တုန်ခါမှုကို ခံနိုင်တဲ့ MIL-STD-810H စံနှုန်း၊ IP64 ရေစိုခံစံနှုန်းတွေ ပါလာပါတယ်။ 15W Charging ပါတဲ့ 5,500mAh Battery ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 13MP ကင်မရာနဲ့ အရှေ့ဘက်မှာ 5MP ကင်မရာ တပ်ဆင်ထားပါတယ်။

Vivo Y19e

Titanium Silver နဲ့ Majestic Green အရောင်တွေ ထုတ်လုပ်ထားပြီး ၉၃ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အိန္ဒိယမှာ Amazon , Flipkart နဲ့ vivo Online Store ကနေ ရောင်းချပေးနေပါတယ်။

Ref : Gizmochina