Vivo က Y19s GT 5G စမတ်ဖုန်းကို အင်ဒိုနီးရှားနိုင်ငံမှာ တရားဝင်မိတ်ဆက်လိုက်ပါတယ်။ ပုံမှန်အားဖြင့် စွမ်းဆောင်ရည်မြင့်တဲ့ဖုန်းတွေမှာ သုံးလေ့ရှိတဲ့ “GT” ဆိုတဲ့နာမည်ကို သုံးထားပေမယ့် အဲဒီဖုန်းမှာ စျေးသက်သာတဲ့ 5G ဖုန်းအချို့မှာလည်း တွေ့ရတဲ့ MediaTek Dimensity 6300 chipset ကိုပဲ သုံးထားပါတယ်။ ဒါပေမယ့် 90Hz refresh rate display၊ 8GB RAM အထိပါဝင်မှုနဲ့ ခိုင်ခံ့တဲ့ဒီဇိုင်းလိုမျိုး မှတ်သားလောက်တဲ့ စွမ်းရည်တွေတော့ ပါလာပါတယ်။

Vivo Y19s GT 5G

Vivo Y19s GT 5G ရဲ့ အရွယ်အစားက ၁၆၇.၃၀ x ၇၆.၉၅ x ၈.၁၉ မီလီမီတာ ရှိပြီး အလေးချိန်က ၁၉၉ ဂရမ် ရှိပါတယ်။ သူ့မှာ 1600 × 720 (HD+) resolution ရှိတဲ့ ၆.၇၄ လက်မ LCD display ကိုသုံးထားပြီး 90Hz refresh rate နဲ့ အမြင့်ဆုံးတောက်ပမှု 570 nits အထိ ရရှိနိုင်ပါတယ်။ လုံခြုံရေးအတွက်တော့ ဘေးဘက်မှာလက်ဗွေရာဆန်ဆာကို ထည့်သွင်းပေးထားပါတယ်။

Vivo Y19s GT 5G launches as budget and semi-rugged smartphone with three  card slots - NotebookCheck.net News

Dimensity 6300 chipset သုံးထားတဲ့ အဲဒီဖုန်းကို 6GB ဒါမှမဟုတ် 8GB LPDDR4X RAM နဲ့ 256GB eMMC 5.1 storage အထိဆိုပြီး ရွေးချယ်စရာတွေနဲ့ ထုတ်ပေးထားပါတယ်။ RAM ကို ထပ်တိုးနိုင်တဲ့ Extended RAM feature လည်း ပါဝင်ပြီး ဖုန်းမော်ဒယ်အလိုက် 6GB ဒါမှမဟုတ် 8GB ထပ်တိုးနိုင်မှာပါ။ Storage ကိုတော့ microSD ကတ်သုံးပြီး 2TB အထိ တိုးချဲ့နိုင်ပါတယ်။ ဖုန်းမှာ 5,500mAh ဘက်ထရီကို ထည့်သွင်းပေးထားပြီး 15W အားသွင်းစနစ်ကို ထောက်ပံ့ပေးပါတယ်။

Y19s GT 5G မှာ punch-hole ပုံစံဖောက်ထားတဲ့နေရာမှာ 5-megapixel အရှေ့ကင်မရာကို တပ်ဆင်ထားပါတယ်။ နောက်ကျောဘက်မှာတော့ 50-megapixel ကင်မရာနှစ်လုံးတွဲစနစ်ကို သုံးထားပေမယ့် Vivo ဘက်က ဒုတိယကင်မရာအကြောင်းကိုတော့ အသေးစိတ်ပြောထားတာ မရှိပါဘူး။

ဒီဖုန်းက Android 15 ကိုအခြေခံထားတဲ့ Funtouch OS 15 နဲ့ အလုပ်လုပ်ပါတယ်။ ဖုန်နဲ့ ရေစက်ရေပေါက်တွေကို ခံနိုင်ရည်ရှိတဲ့ IP64 rating လည်း ပါဝင်ပါတယ်။ ဒါ့အပြင် စစ်ဘက်သုံးအဆင့် ပစ္စည်းတွေမှာတွေ့ရလေ့ရှိတဲ့ တုန်ခါမှုဒဏ်၊ လှုပ်ခါမှု၊ အပူချိန်လွန်ကဲမှု နဲ့ စိုထိုင်းဆဒဏ်တွေကို ခံနိုင်တဲ့ စမ်းသပ်ချက်တွေဖြစ်တဲ့ MIL-STD-810H စံနှုန်းနဲ့လည်း ကိုက်ညီမှုရှိတယ်လို့ သိရပါတယ်။ ဖုန်းမှာ dual SIM, 5G, Wi-Fi 5, Bluetooth 5.2, NFC နဲ့ USB-C ပေါက်တို့လို တခြား feature တွေလည်း ပါဝင်ပါသေးတယ်။

Vivo Y19s GT 5G ကို အင်ဒိုနီးရှားမှာ စတင်ရောင်းချသွားမှာဖြစ်ပြီး 6GB RAM + 128GB storage မော်ဒယ်အတွက် အင်ဒိုနီးရှားရူပီယာ ၁,၉၉၉,၀၀၀ (ဒေါ်လာ ၁၂၀ ဝန်းကျင်)၊ 8GB RAM + 128GB storage မော်ဒယ်အတွက် ရူပီယာ ၂,၁၉၉,၀၀၀ နဲ့ 8GB RAM + 256GB storage မော်ဒယ်အတွက် ရူပီယာ ၂,၃၉၉,၀၀၀ ဆိုပြီး ဈေးနှုန်းတွေ သတ်မှတ်ထားပါတယ်။ အရောင်အနေနဲ့ Jade Green နဲ့ Crystal Purple ဆိုတဲ့ အရောင်နှစ်မျိုးနဲ့ ရနိုင်မှာဖြစ်ပါတယ်။

Ref : Gizmochina