vivo ဟာ Y200 Series ဖုန်းတွေကို ဆက်တိုက်ကြေညာနေပါတယ်။ ဒီတစ်ခါကျတော့ vivo Y200 Pro အလှည့် ဖြစ်ပြီး Snapdragon 695 Chip ထည့်သွင်းထားပါတယ်။

vivo Y200 Pro arrives with Snapdragon 695, 120Hz AMOLED screen, and 64MP camera

vivo Y200 Pro မှာ 6.78” 120Hz FullHD+ Curved AMOLED Display တပ်ဆင်ထားပြီး Display အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။ Punch Hole မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

vivo Y200 Pro arrives with Snapdragon 695, 120Hz AMOLED screen, and 64MP camera

အနောက်ဘက်မှာ 64MP Main (OIS) နဲ့ 2MP Depth ကင်မရာ ၂ လုံးပါပါတယ်။ Silk Green Version ရဲ့ အနောက်ဘက်ကို 3D Frosted Glass နဲ့ ဖုံးအုပ်ထားပြီး Silk Black မှာ Sand-textured Finish ကို သုံးထားပါတယ်။

Y200 Pro မှာ 44W Fast Charging နဲ့ USB-C Port ပါလာပြီး 5,000mAh Battery တပ်ဆင်ထားပါတယ်။ Android 14 အခြေပြု Funtouch OS 14 ပါလာပြီး IP54 Rating  ထောက်ပံ့ထားပါတယ်။

vivo Y200 Pro အတွက် 8/128GB Version ၁ မျိုးထဲ ထုတ်လုပ်ထားပြီး ၃၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အိန္ဒိယမှာ စတင် ရောင်းချပေးလိုက်ပါပြီ။

Ref : gsmarena