vivo ကနေ ပြီးခဲ့တဲ့လအတွင်းမှာ Y35m နဲ့ Y78 ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီး အခုလည်း နောက်ထပ် Y Series ဖုန်းတစ်လုံးဖြစ်တဲ့ vivo Y27 ဖုန်းကို ထပ်ပြီး မိတ်ဆက်ဖို့ စီစဥ်နေပြီဖြစ်ပါတယ်။ အဆိုပါ vivo Y27 5G ဖုန်းဟာ NCC နဲ့ EEC Certification တွေရရှိထားပြီးဖြစ်တဲ့အပြင် Google Play Console တွေမှာပါ တွေ့ရှိရပြီဖြစ်တာကြောင့် မိတ်ဆက်ဖို့ အချိန်နီးကပ်နေပြီလို့ ခန့်မှန်းရပါတယ်။

အခုလည်း အဆိုပါ vivo Y27 5G ဖုန်းကို Benchmarking Website တစ်ခုဖြစ်တဲ့ Geekbench မှာပါ ထပ်မံတွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် vivo Y27 5G ဖုန်းမှာ ပါဝင်လာမယ့် Performance ပိုင်းအပြင် Model Number ကိုပါ သိရှိခဲ့ရပါပြီ။​

vivo Y27 5G ဖုန်းဟာ Model Number အနေနဲ့ V2248 လို့ နာမည်ပေးထားပြီး MediaTek Dimensity 6020 Chipset ကို အသုံးပြုထားမှာဖြစ်ပါတယ်။ အဆိုပါ Chipset ဟာ Octa-Core Chipset အမျိုးအစားဖြစ်ပြီး Base Clock Speed 2GHz နဲ့ Boost Clock Speed ကို 2.2GHz အထိ ထောက်ပံ့ပေးထားပါတယ်။

Geekbench 6.1 Benchmark မှာ vivo Y27 5G ဖုန်းဟာ Single-Core ပိုင်းမှာ ၅၉၅ မှတ် နဲ့ Multi-Core ပိုင်းမှာ ၁၇၇၀ မှတ်အထိ ရရှိထားပါတယ်။​ RAM 8GB ပါဝင်မှာဖြစ်ပြီး Android 13 OS ကို အသုံးပြုထားမှာပါ။

vivo Y27 5G ဖုန်းဟာ လက်ရှိထွက်ရှိထားတဲ့သတင်းတွေအရ 6.64″ Full HD+ LCD Display ပါဝင်မှာဖြစ်ပြီး 90Hz Refresh Rate ကို ထောက်ပံ့ပေးထားမှာပါ။ Camera ပိုင်းမှာ 50MP + 2MP Sensor တွေပါဝင်တဲ့ Dual Camera Setup အပြင် 16MP Front Facing Camera ပါဝင်မှာဖြစ်ပါတယ်။ Battery ပိုင်းမှာ 5000mAh Battery ပါဝင်မှာဖြစ်ပြီး 44W Fast Charging ဖြင့် ပြန်လည်အားသွင်းနိုင်မှာလည်း ဖြစ်ပါတယ်။

Ref – Gizmo China