vivo သည် ၎င်း၏ကျော်ကြားသော Y စီးရီး၏ နောက်ဆုံးထွက်ရှိသော Y27 ကို ဂုဏ်ယူစွာ မိတ်ဆက်လိုက်သည်။ Y27 သည် လှပသောဒီဇိုင်းနှင့် အံ့ဩမှင်တက်ဖွယ်ကောင်းသော စွမ်းဆောင်ရည်တို့ကို ပေါင်းစပ်ထားသည့် စစ်မှန်သောထူးခြားပြောင်မြောက်သည့် လက်ရာတစ်ခုဖြစ်သည်။

အဆိုပါ စမတ်ဖုန်းတွင် Dual Ring Design နှင့် 2.5D Flat Frame ပါ၀င်သောကြောင့် ၎င်းနှင့် အရည်အသွေးတူ စမတ်ဖုန်းများကြားတွင် ထင်ရှားစေသည်။ Y27 တွင် ညအချိန်အားသွင်းလျှင် အားလွန်ခြင်းမှ ကာကွယ်ပေးသည့် Nighttime Charging Protection နှင့်အတူ 44W FlashCharge၊ 5000mAh ဘက်ထရီတို့ကဲ့သို့ မြန်နှုန်းမြင့် အားသွင်းမှုကို ပေးဆောင်သည့် စွမ်းဆောင်ရည်ပြည့်ဝသောအင်္ဂါရပ်များပါရှိသည်။

အဆိုပါ စမတ်ဖုန်း၏ 6 GB + 6 GB တိုးချဲ့ RAM သည် applications များ တစ်ပြိုင်နက်တည်းများစွာဖွင့်ခြင်းနှင့် သီချင်းနားထောင်သော အသုံးပြုသူများအတွက် အထူးအထောက်အကူဖြစ်စေသည်။ အမြင်အာရုံကို ဖမ်းစားနိုင်မှုမှတစ်ဆင့် ဆန်းသစ် တီထွင်မှုနှင့် လက်ရာမြောက်စွာထုတ်လုပ်ရန် ထားရှိသော vivo ၏ ကတိကဝတ်များအတိုင်း တောက်ပနေကာ စတိုင်နှင့်အနှစ်သာရကိုပေးဆောင်သည့် စမတ်ဖုန်းကို ရှာဖွေနေသူ တိုင်းအတွက် Y27 သည် ရှိကို ရှိသင့်သည့် ဖုန်းတစ်လုံးဖြစ်လာသည်။

အဆိုပါ စမတ်ဖုန်း၏ နှစ်သက်ဖွယ်အလှတရားသည် စတိုင်လ်နှင့် ပရော်ဖက်ရှင်နယ်ဆန်မှုကို နှစ်သက်သော လူတစ်ဦးချင်းစီအတွက် ထင်ရှားပေါ်လွင်သော စမတ်ဖုန်းတစ်လုံးအဖြစ် ဖြည့်ဆည်းပေးသည်။

Dual Ring Design သည် လက်စွပ်ပုံသဏ္ဍာန်မှ စိတ်ကူးစိတ်သန်းများကို ပုံဖော်ထားပြီး ရွှေရောင်အလွှာများကို နူးညံ့သောလိုင်းများဖြင့် ပေါင်းစပ်ထားကာ ဖုန်းဒီဇိုင်းမှာကျက်သရေရှိပြီး ရိုးရှင်းသော အလှတရားကို ပေါ်လွင်စေသည်။

ထို့အပြင် Glitter AG ၏ Matte မျက်နှာပြင်သည် အရေပြားကဲ့သို့ နူးညံ့သိမ်မွေ့ပြီး ခြစ်ရာများ၊ ပွန်းပဲ့မှုနှင့် လက်ဗွေရာများကို ခံနိုင်ရည်ရှိသည်။ သိမ်မွေ့သော စိန်ပုံစံသည် စမတ်ဖုန်း၏အသွင်အပြင်ကို ပုံကြွလှပစေပြီး အနုပညာဆန်မှုကို ဖော်ထုတ်ပေးသည်။

“vivo ရဲ့ Y စီးရီးတွေဟာ အရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ကြိုးစားရင်း ထူးထူးခြားခြား နည်းပညာဆိုင်ရာ တိုးတက်မှုကို စဉ်ဆက်မပြတ် ကြုံတွေ့ခဲ့ရတယ်။ စမတ်ကျကျ ဖန်တီးထားတဲ့ မကြာသေးမီကထွက်ရှိထားတဲ့ Y27 ဟာ စမတ်ကျစွာနေထိုင်တတ်တဲ့ အသုံးပြုသူတွေအတွက် ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့ ထူးခြားတဲ့ ပုံရိပ်ဖော်နိုင်စွမ်းတွေနဲ့ ပြိုင်ဘက်ကင်းတဲ့ ကြည်နူးစရာအခိုက်အတန့်တွေကို အလွယ်တကူဖမ်းယူနိုင်စေမယ့် အတွေ့အကြုံကို ရရှိစေမှာဖြစ်ပါတယ်။ vivo ဟာ သုံးစွဲသူတွေရဲ့ အလျင်အမြန် ပြောင်းလဲနေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့၊ စွမ်းဆောင်ရည် မြှင့်တင်နိုင်ဖို့နဲ့ နောက်ဆုံးပေါ် နည်းပညာတွေကို ပေးအပ်ရန်အတွက် ဆက်လက်ကြိုးပမ်းနေပါတယ်” ဟု vivo Myanmar ​၏ CEO ဖြစ်သည့် Mr. Nelson Ni က ထုတ်ဖော်ပြောကြားခဲ့သည်။

vivo Y27 တွင် ပါရှိသည့် ကင်မရာစနစ်သည် ဖုန်း၏အင်္ဂါရပ်များကို ပိုမိုပြည့်စုံအောင် ဖြည့်စွမ်းပေးကာ သုံးစွဲသူများအား ကောင်းမွန်သော ဓာတ်ပုံရိုက်ခြင်းအတွေ့အကြုံကို ပေးစွမ်းသည်။

အဆိုပါ စမတ်ဖုန်းတွင် 2MP Bokeh Camera နှင့် တွဲဖက်ထားသည့် 50MP Ultra Clear Camera ဖြင့် ကင်မရာနှစ်လုံးတပ်ဆင်ထားကာ ကြည်လင်ပြတ်သားပြီး အသေးစိတ်ကျသော ပုံရိပ်များကို ဖမ်းယူနိုင်မည်ဖြစ်သည်။

အမှတ်တရအခိုက်အတန့် တွေကို ဖမ်းယူနိုင်စေရန် အတွက် အရှေ့ဘက် 8MP Front Camera လည်းပါရှိသည်။ ထို့အပြင် Y27 ၏ Super Night Selfie သည် အလင်းအားနည်းသော်လည်း တောက်ပကာ ရင်သပ်ရှုမောဖွယ်ကောင်းသော selfie ဓာတ်ပုံများအတွက် AI Face Beauty နှင့် Aura Screen Light ကို အသုံးပြုထားသည်။

vivo Y27 ကို စွဲမက်ဖွယ်အရောင်နှစ်မျိုးဖြင့် ထွက်ရှိထားသည်။ Burgundy Black သည် ဝိုင်အနီကို အနက်ရောင်နှင့် ပေါင်းစပ်ထားပြီး၊ တောက်ပနက်နဲသောအနီရောင်အဖြစ်သို့ ပြောင်းလဲကာ၊ AG မှ ဆွဲဆောင်မှုရှိကာ တက်ကြွမှုနှင့် ကျက်သရေရှိမှုကို ဖြည့်ဆည်းပေးသည်။

Sea Blue သည် နေရောင်အောက်တွင် ယှက်နွယ်နေသော လှိုင်းလုံးများအသွင် ပြာလွင့်လွင့်ပုံရိပ်သဏ္ဍန်ဖြင့် သာယာကြည်နူးဖွယ် ခံစားချက်ကို ဖြစ်ပေါ်စေပြီး သန့်ရှင်း စင်ကြယ်မှုကို ခံစားရစေသည်။

စက်တင်ဘာလ ၉ ရက်နေ့ကစပြီး ထူးခြားအံ့အားသင့်ဖွယ်အင်္ဂါရပ်များပါဝင်သည့် Y27 ကိုစျေးနှုန်း ၆၂၉,၈၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ ဝယ်ယူသူများအတွက်လည်း vivo Gift Box ကို လက်ဆောင်အဖြစ် ပေးသွားမည် ဖြစ်သည်။

Media release: vivo