ပြီးခဲ့တဲ့လက 6,000mAh Battery ပါတဲ့ vivo Y28 4G ကို FCC မှာ မှတ်ပုံတင်ထားတာကို တွေ့ခဲ့ရပြီး တရားဝင် ကြေညာမယ့်နေ့ကို မသိခဲ့ရပါဘူး။ အခုတော့ vivo က Y28 4G ကို စင်ကာပူမှာ တရားဝင် ကြေညာလိုက်ပါတယ်။ vivo က Y28 5G ကို ဇန်နဝါရီလတုန်းက မိတ်ဆက်ခဲ့ထားတာ ဖြစ်ပါတယ်။

vivo Y28 4G makes its debut with 6,000 mAh battery, Helio G85 SoC

vivo Y28 4G မှာ MediaTek Helio G85 SoC မောင်းနှင်ထားပြီး 8GB RAM နဲ့ 256GB Storage ထည့်သွင်းထားပါတယ်။ 6.68” 720x1608p LCD Display တပ်ဆင်ထားပြီး 90Hz Refresh Rate နဲ့ 1,000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။

Vivo Y28 4G is unveiled with a 6000 mAh battery and 44W fast charging

စတီရီယို စပီကာ ၂ လုံး ပါလာပြီး အနောက်ဘက်မှာ 50MP Main , 2MP Depth ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ အရှေ့ ကင်မရာက 8MP ဖြစ်ပါတယ်။ 44W Charging ထောက်ပံ့တဲ့ 6,000mAh Battery ထည့်သွင်းထားပြီး IP64 ရေစိုခံစံနှုန်း ပါလာပါတယ်။

Android 14 အခြေပြု Funtouch OS 14 မောင်းနှင်ထားပြီး Agate Green နဲ့ Gleaming Orange အရောင်တွေ ထုတ်လုပ်ထားပါတယ်။ စင်ကာပူ ဒေါ်လာ ၂၆၉ သတ်မှတ်ထားပြီး အမေရိကန် ဒေါ်လာ ၁၉၉ နဲ့ ညီမျှပါတယ်။

Ref : gsmarena