vivo က အိန္ဒိယမှာ Y28e နဲ့ Y28s ကို ကြေညာလိုက်ပြီး အဲဒီဖုန်း ၂ လုံးဟာ အများစုတူညီကာ ကွဲပြားမှု အနည်းငယ်ပဲ ပါပါတယ်။

vivo Y28e and Y28s launch in India with almost identical specs

အဓိက ကွဲပြားမှုက Main ကင်မရာ ဖြစ်ပြီး Y28s မှာ 50MP နဲ့ Y28e မှာ 13MP ကင်မရာ တပ်ဆင်ထားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 2MP အပို ကင်မရာ တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ Y28s မှာ 8MP နဲ့ Y28e မှာ 5MP ကင်မရာ ထည့်သွင်းထားပါတယ်။ Y28e မှာ 4GB RAM နဲ့ 64GB or 128GB Storage ပါလာပြီး Y28s မှာ 4/6/8GB RAM နဲ့ 128GB Storage ထည့်သွင်းထားပါတယ်။

Vivo Y28s and Vivo Y28e with MediaTek Dimensity 6100, 5000mAh battery launched in India: price, specs

ဖုန်း ၂ လုံးစလုံးမှာ 6.56” 720×1612 90Hz LCD Display တပ်ဆင်ထားပြီး 840 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ MediaTek Dimensity 6100+ Chip မောင်းနှင်ထားပြီး 15W Charging ပါတဲ့ 5,000mAh Battery ထည့်သွင်းထားပါတယ်။ IP64 ရေစိုခံစံနှုန်း ပါလာပါတယ်။

Y28s မှာ ဘေးဘက်လက်ဗွေရာ ကိရိယာကို ပါဝါခလုတ်အောက်မှာ မြှပ်နှံထားပြီး Y28e မှာတော့ မပါလာပါဘူး။

Y28e အတွက် Vintage Red နဲ့ Breeze Green အရောင်ထုတ်လုပ်ထားပြီး 4/64GB ကို ၁၀,၉၉၉ ရူပီးနဲ့ 4/128GB ကို ၁၁,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။

Y28s အတွက် Vintage Red နဲ့ Twinkling Purple အရောင် ထုတ်လုပ်ထားပြီး 4GB RAM ကို ၁၃,၉၉၉ ရူပီး၊ 6GB RAM ကို ၁၅,၄၉၉ ရူပီးနဲ့ 8GB RAM ကို ၁၆,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။

Ref : gsmarena