Vivo က မေလမှာ Y30 ကို ကြေညာခဲ့ပြီး တရုတ်မှာလည်း Y30 မော်ဒယ် အသစ် ၁ လုံးကို အောက်တိုဘာလမှာ ချပြခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက Y30 Standard Edition ကို ထပ်မံမိတ်ဆက်လိုက်ပြီ ဖြစ်ပြီး Y30 ကို အခြေခံကာ တည်ဆောက်ထားတာပါ။ ဒါပေမယ့် ကွဲပြားချက် နည်းနည်း ထည့်သွင်းထားပါတယ်။

vivo Y30 Standard Edition arrives with Helio P35 SoC and dual camera

Vivo Y30 Standard Edition မှာ Helio P35 SoC မောင်းနှင်ထားပြီး အောက်တိုဘာလထုတ် Y30 မှာတော့ Snapdragon 460 SoC ထည့်ထားတာပါ။ ဒုတိယ ကွာခြားချက်က RAM ပမာဏ ဖြစ်ပြီး ရိုးရိုး Y30 မှာ 8GB RAM နဲ့ Standard Edition မှာ 6GB RAM ပါလာပါတယ်။

Y30 မော်ဒယ် ၂ လုံးမှာ အနောက်ကင်မရာ အရေအတွက်ကလည်း မတူညီကြပါဘူး။ Y30 Standard Edition မှာ 2MP Macro မပါလာဘဲ 13MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံးပဲ ထည့်သွင်းထားပါတယ်။ အားသွင်းနှုန်းက 10W ဖြစ်ပါတယ်။

တခြား Specs တွေအပိုင်းမှာ Y30 မော်ဒယ် ၂ လုံးက တူညီကြပြီး ၆.၅၁ လက်မ HD+ LCD မျက်နှာပြင်၊ 8MP ဆဲလ်ဖီး ကင်မရာနဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ထည့်ထားပါတယ်။ microUSB ပဲ ပါလာတာက သိပ်မမိုက်ပါဘူး။

Y30 Standard Edition မှာ Android 10 အခြေပြု Funtouch OS 10.5 မောင်းနှင်ထားပြီး Face Unlock ထောက်ပံ့ထားပါတယ်။ ဘေးဘက်လက်ဗွေရာကိရိယာ မြှပ်နှံထားပြီး 128GB Storage ပါတဲ့အပြင် 256GB microSD Card စိုက်နိုင်ပါတယ်။ အရောင် ၂ မျိုး ထုတ်လုပ်ထားပြီး တရုတ်မှာ ၁,၃၉၈ ယွမ် သတ်မှတ်ထားပါတယ်။ ၂ သိန်း ၉ သောင်းလောက်ကျသင့်ပြီး နိုင်ငံတကာမှာ ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena