တရုတ်မှာ စွမ်းဆောင်ရည်သင့် vivo Y300 Pro ကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းမှာ Snapdragon 6 Gen 1 Chipset မောင်းနှင်ထားပြီး 8GB/128GB နဲ့ 12/512GB Memory Configuration ထည့်သွင်းထားပါတယ်။

vivo Y300 Pro announced in China with SD6 Gen 1 and 6.77-inch OLED display

Display က 6.77” OLED ဖြစ်ပြီး 120Hz Refresh Rate နဲ့ 5,000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။

အနောက်ဘက်မှာ 50MP Main , 2MP Depth ကင်မရာ တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပါတယ်။ ထူးခြားတာက ကြီးမားတဲ့ 6,500mAh Battery ထည့်သွင်းထားပြီး 80W Wired Charging ထောက်ပံ့ထားပါတယ်။

vivo Y300 Pro announced in China with SD6 Gen 1 and 6.77-inch OLED display

IP65 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး Black , Ocean Blue , Titanium နဲ့ White အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 8/128GB ကို ၂၅၀ ဒေါ်လာနဲ့ 12/512GB ကို ၃၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အဲဒီဖုန်းကို တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး တခြား နိုင်ငံတွေမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena