ပြီးခဲ့တဲ့ တစ်ပတ်က vivo Y300 5G ရဲ့ သတင်းတွေ ပေါက်ကြားခဲ့ပြီး အခုတစ်ခါအလှည့်ကျတာက vivo Y300 Pro ဖြစ်ပါတယ်။ မေလမှာ ကြေညာခဲ့တဲ့ Y200 Pro ရဲ့ မျိုးဆက်သစ် ဖြစ်ပြီး vivo ဟာ Y Series တွေကို အဆက်မပြတ် ထုတ်လုပ်နေပုံရပါတယ်။

Y300 Pro ရဲ့ အမိုက်စား အစိတ်အပိုင်းက ကြီးမားတဲ့ 6,500mAh Battery ဖြစ်ပြီး အရင်မျိုးဆက်ရဲ့ 5,000mAh Battery ထက် အများကြီး ပိုကောင်းလာပါတယ်။ Y200 Pro ရဲ့ 5,000mAh Battery ရဲ့ အားသွင်းနှုန်းက 44W ဖြစ်ပြီး Y300 Pro ရဲ့ 6,500mAh Battery ရဲ့ အားသွင်းနှုန်းက 80W အထိ တိုးတက်လာမှာပါ။

Y300 Pro ရဲ့ဘူးခွံ ဓါတ်ပုံ ပေါက်ကြားထွက်ပေါ်လာပေမယ့် တခြား သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ ပေါက်ကြားသတင်း ထွက်လာပြီဆိုတော့ လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေ ထွက်လာနိုင်ပါတယ်။

Y200 Pro ရဲ့ Specs တွေကို ပြန်လည် လေ့လာကြည့်ရင် 6.78” 1080x2400p 120Hz AMOLED Display , Snapdragon 695 Chipset , 8GB RAM , 128GB Storage , 64MP Main , 2MP Depth , 16MP ဆဲလ်ဖီး ကင်မရာတွေ ပါပါတယ်။ Y300 Pro မှာ တချို့ Specs တွေကို အဆင့်မြှင့်ထားနိုင်ပါတယ်။

Ref : gsmarena