Vivo Fan အချို့ကတော့ Y31 ဆိုတဲ့ နာမည်ကို ကြားဖူးနေတယ်၊ ရင်းနှီးနေတယ်လို့ ထင်ကောင်းထင်ကြမှာပါ။ အဲဒါဆိုရင်တော့ အထင်မမှားပါဘူး။ Vivo ဟာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် စက်တင်ဘာလတုန်းက Bezel ထူထူ၊ ကျောဘက်ကင်မရာတစ်လုံး၊ 4.7-inch HD မျက်နှာပြင်နဲ့ Y31 ကို မိတ်ဆက်ခဲ့ဖူးလို့ပဲ ဖြစ်ပါတယ်။

တရုတ်အခြေစိုက်ကုမ္ပဏီက မကြာခင်မှာပဲ Y31 ဆိုတဲ့နာမည်နဲ့ စမတ်ဖုန်းသစ်ကို မိတ်ဆက်လာဦးမှာ ဖြစ်ပါတယ်။ Y31 ဗားရှင်းသစ်ကတော့ ခပ်ပါးပါး Bezel တွေ၊ Notch ပါဝင်တဲ့ FullHD+ မျက်နှာပြင်ကို ယူဆောင်လာတာ တွေ့မြင်နိုင်ပါတယ်။ ကျောဘက်မှာတော့ 48MP အဓိကကင်မရာအပါအဝင် ကင်မရာသုံးလုံးတပ်ဆင်ထားပြီလည်း ဖြစ်ပါတယ်။

Y31 ဗားရှင်းသစ်ဟာ လုံခြုံရေးအတွက် လက်ဗွေဖတ်စနစ်လည်း ထည့်သွင်းပေးထားပြီး ဟန်းဆက်ရဲ့ဘေးဘက်ဘောင်မှာ တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ 5,000mAh ဘက်ထရီကို တပ်ဆင်ထားသလို 18W အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။ ဒီ ၄ နှစ်ကျော်ကာလအတွင်းမှာ နာမည်တူပေမယ့်၊ ဟန်းဆက်နှစ်ခုရဲ့ စွမ်းဆောင်ရည်တွေကတော့ လုံးဝကို မတူညီတော့တာကို တွေ့မြင်လာရပါတယ်။

Y31 ဗားရှင်းသစ်ဟာ အနည်းဆုံး အရောင်နှစ်မျိုးရှိမယ်လို့ မျှော်လင့်ရပါတယ်။ အတွင်းအစိတ်အပိုင်းတွေအဖြစ် 6GB of RAM နဲ့ 128GB Storage တွေရှိပြီး အခြားရွေးချယ်စရာတွေလည်း ရှိကောင်းရှိလာနိုင်ပါတယ်။ (Google Play Console မှာတော့ 8GB of RAM နဲ့ တွေ့ခဲ့ရပါတယ်။) SoC ကတော့ Snapdragon 662 ဖြစ်မယ်လို့ ယုံကြည်ရပါတယ်။ ဒီဟန်းဆက်ဟာ အိန္ဒိယရဲ့ BIS, ထိုင်းရဲ့ NBTC, စင်္ကာပူရဲ့ IMDA နဲ့ ရုရှားရဲ့ EEC တို့မှာ အသိအမှတ်ပြုလက်မှတ်တွေ ရရှိပြီးလည်း ဖြစ်ပါတယ်။

Ref: GSM Arena