Vivo က အိန္ဒိယမှာ စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပြီး Y51A လို့ နာမည်ပေးထားပါတယ်။ Y51 ရဲ့ တန်ဖိုးနည်း မော်ဒယ် ဖြစ်ပြီး Chipset က လွဲကာ ကျန်တဲ့အစိတ်အပိုင်းတွေတော်တော်များများ တူညီကြပါတယ်။ Y51A မှာ Snapdragon 662 Chipset ထည့်သွင်းထားပါတယ်။

ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ 18W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီတွေက တူညီကြပါတယ်။ Y51 ကို အိန္ဒိယမှာ ပြီးခဲ့တဲ့ လကမှ ကြေညာထားတဲ့အတွက် Specs တော်တော်များများ တူတဲ့ Y51A ကို ကြေညာတာ စောသေးတယ်လို့ ပြောရမှာပါ။

Y51A အတွက် 8GB RAM / 128GB Storage ၁ မျိုးပဲ ထုတ်လုပ်ထားပြီး ၁၇,၉၉၀ ရူပီး သတ်မှတ်ထားပါတယ်။ ၃ သိန်း ၃ သောင်းလောက်ကျသင့်မှာ ဖြစ်ပြီး Titanium Sapphire နဲ့ Crystal Symphony ၂ ရောင် ထုတ်လုပ်ထားပါတယ်။ အိန္ဒိယက Vivo e-store , Amazon, Flipkart, Paytm, TataCliq နဲ့ မြေပြင်စတိုးတွေကနေ ရောင်းပေးလိုက်ပါပြီ။

Y51A ရဲ့ Specs အကြောင်းပြောရရင် ၆.၅၈ လက်မ Full HD+ LCD မျက်နှာပြင် ပါလာပြီး 1TB microSD Card စိုက်နိုင်တဲ့အတွက် ဒေတာတွေ အများကြီး သိမ်းနိုင်ပါတယ်။ အနောက်ဘက်မှာ 48MP Main, 8MP Ultrawide , 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါပါတယ်။ အနောက်ကင်မရာတွေမှာ Portrait, Photo, Video, Panorama, Live Photo, Slo-Mo, Time-Lapse, Pro, DOC, Super Night Mode နဲ့ AI 48MP စတဲ့ Mode တွေ ပါပါတယ်။ Android 11 အခြေပြု Funtouch OS 11 မောင်းနှင်ထားပါတယ်။

Ref : indiatoday