vivo က Y58 5G ကို ကြေညာလိုက်ပြီး အမိုက်ဆုံး အစိတ်အပိုင်းက 6,000mAh Battery နဲ့ 44W Fast Charging ဖြစ်ပါတယ်။ vivo က အားအပြည့်သွင်းထားရင် ၂ ရက်အထိ အသုံးခံတယ်လို့ ပြောပါတယ်။ Battery ဟာ 1,600 Charge Cycles ပြီးနောက်မှာ ပမာဏ ၈၀ ရာခိုင်နှုန်း ကျန်တယ်လို့ ကုမ္ပဏီက ပြောပြီး ၁ ရက် ၁ ကြိမ် အားသွင်းရင် ၄ နှစ်အထိ ခံပါတယ်။

vivo Y58 5G မှာ 6.72” LCD FHD+ Display တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Display ရဲ့ Punch Hole မှာ 8MP အရှေ့ ကင်မရာနဲ့ အနောက်ဘက်မှာ 50MP Main , 2MP Depth ကင်မရာတွေ ပါပါတယ်။

vivo Y58 5G key specs

Qualcomm Snapdragon 4 Gen 2 Chip မောင်းနှင်ထားပြီး 8GB RAM နဲ့ 128GB Storage ထည့်သွင်းထားကာ microSD Card စိုက်နိုင်ပါတယ်။ Software အကြောင်းပြောရရင် Android 14 အခြေပြု Funtouch OS 14 ပါလာပြီး IP64 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။

vivo Y58 5G အတွက် Himalayan Blue နဲ့ Sundarbans Green အရောင်တွေ  ထုတ်လုပ်ထားပြီး 8/128GB ကို ၂၃၃ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena