vivo Y78m ကို တရုတ်မှာ ကြေညာလိုက်ပြီး မေလမှာ ကြေညာခဲ့တဲ့ vivo Y78 နဲ့ ဆင်တူပါတယ်။ ဖုန်း ၂ လုံးရဲ့ အဓိက ကွဲပြားချက်က အရောင်နဲ့ Configuration တွေ ဖြစ်ပါတယ်။

Vivo Y78m Mobile Price in Pakistan 2023

vivo Y78m မှာ 6.64” LCD FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ ကုမ္ပဏီက Screen-to-body Ratio က ၉၁.၀၆ ရာခိုင်နှုန်း ရှိတယ်လို့ ပြောပါတယ်။

အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 50MP Main , 2MP Portrait ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ Android 13 အခြေပြု FunTouch OS 13 မောင်းနှင်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါလာပါတယ်။

Vivo Y78m Price in france August 2023 - Mobileinto france

vivo Y78m မှာ Dimensity 7020 Chipset မောင်းနှင်ထားပါတယ်။ vivo Y78 အတွက် 8GB RAM+128GB Storage , 8GB RAM+256GB Storage နဲ့ 12GB RAM+256GB Storage တွေ ထုတ်လုပ်ထားပါတယ်။ vivo Y78m အတွက်တော့ 12GB RAM+256GB Storage ပဲ ထုတ်လုပ်ထားပါတယ်။

vivo Y78m မှာ 44W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။ Dual SIM, 5G , WiFi 6, Bluetooth 5.2 , NFC, USB-C Port နဲ့ နားကြပ်ပေါက်တွေ ထည့်သွင်းထားပါတယ်။ တရုတ်မှာ ၁,၉၉၉ ယွမ် (၂၇၅ ဒေါ်လာ) သတ်မှတ်ထားပြီး မရောင်းချသေးပါဘူး။

Ref : gizmochina