Vivo ကနေ အခုအချိန်မှာ လက်ရှိအသုံးပြုနေတဲ့ Funtouch OS ကို အစားထိုးဖို့အတွက် Origin OS ကို ဆောင်ရွက်နေတယ်ဆိုတာကို အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ Origin OS နဲ့ ပတ်သက်ပြီး သတင်းအတိအကျမသိရှိသေးပေမယ့် လောလောဆယ်မှာတော့ စိတ်ဝင်စားစရာ Feature တစ်ခုက ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။

ဒါကတော့ Vivo ရဲ့ Origin OS ဟာ လုံးဝ Stock Android အနေနဲ့လည်း အသုံးပြုနိုင်ဖို့အတွက် Quick Switch Feature ပါဝင်လာမှာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Vivo ကနေ Origin OS အတွက် ကိုယ်ပိုင် UI Design ကို ပြုလုပ်နေပေမယ့်လည်း အသုံးပြုသူတွေအနေနဲ့ Stock Android အတိုင်း အသုံးပြုချင်တယ်ဆိုရင်လည်း အသုံးပြုနိုင်မှာပါ။

ဒီလိုမျိုး UI ၂ မျိုးကို ရွေးချယ်ခွင့်ပေးထားတာက Vivo ရဲ့ Origin OS က ပထမဆုံးမဟုတ်ဘဲ အစောပိုင်းတုန်းကလည်း Global စျေးကွက်အတွက် ရောင်းချနေတဲ့ ASUS ROG Gaming Phone တွေမှာလည်း အလားတူ Feature ပါဝင်ခဲ့ပါသေးတယ်။

လက်ရှိသိထားတဲ့သတင်းတွေအရတော့ Vivo ရဲ့ Origin OS ဟာ လုံးဝကို အစအဆုံးအသစ်ပြန်လည်ပြုလုပ်ထားတဲ့ OS တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ လောလောဆယ် Android 11 ကို အခြေခံထားတဲ့ Funtouch OS 11 ဟာလည်း Stock Android နီးပါးဖြစ်နေတဲ့အတွက် နောက်ပိုင်းမှာ Vivo ဖုန်းတွေ ရှားရှားပါးပါး Stock Android ကို အသုံးပြုနိုင်တဲ့ဖုန်းတွေဖြစ်လာနိုင်ပါတယ်။

Ref – GSM Arena