ဆွီဒင် အခြေစိုက် Volvo က တစ်ခါအားသွင်းထားရင် ကီလိုမီတာ ၆၀၀ (၃၇၃ မိုင်) မောင်းနှင်နိုင်တဲ့ FH လျှပ်စစ် ထရပ်ကားကို ရောင်းမယ်လို့ ကြေညာလိုက်ပါတယ်။

World-first: Volvo delivers electric trucks with fossil-free steel to customers

အဲဒီ မော်ဒယ်အသစ်ကို ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်မှာ ဈေးကွက်ကို ဖြန့်ချိဖို့ ရည်မှန်းထားပြီး Battery ပမာဏကို တိုးမြှင့်ထားကာ ခရီးဝေး မောင်းနှင်ချင်သူတွေအတွက် အသုံးဝင်မှာ ဖြစ်ပါတယ်။

ကမ္ဘာ့ လျှပ်စစ် ထရပ်ကား  နယ်ပယ်မှာ ဦးဆောင်နေတဲ့ Volvo က Battery ပမာဏကို မြင့်မားစေဖို့ မော်တာ၊ Gearbox နဲ့ Axle ကို ယူနစ် တစ်ခုထဲမှာ ပေါင်းစပ်ထားတဲ့ Electronic Axle နည်းပညာကို အသုံးပြုထားတယ်လို့ ပြောပါတယ်။

Volvo Trucks launches electric truck with longer range

Volvo ရဲ့ ထုတ်ကုန် စီမံခန့်ခွဲမှု ဌာနရဲ့ အကြီးအကဲ Jan Hjelmgren က “ ကုမ္ပဏီဟာ သဘာဝပတ်ဝန်းကျင်ကို မပျက်ဆီးစေဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေကို အရှိန်မြှင့်တင်နေပါတယ်။ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု လုံးဝ မရှိတဲ့ ကားတွေကို ထုတ်လုပ်ဖို့အတွက် နိုင်ငံရေး သမားတွေရဲ့ အကူအညီများစွာ လိုအပ်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : bangkokpost