Apple ပူပူနွေးနွေး ကြေညာထားတဲ့ iPhone 13 Series တွေထဲမှာ iPhone 13 Pro နဲ့ 13 Pro Max က စွမ်းရည် အမြင့်ဆုံး ဖြစ်ပါတယ်။ အရင်မျိုးဆက်တွေထက် ပိုကောင်း၊ ပိုမြန်လာပြီး Vanilla မော်ဒယ်တွေထက် အများကြီး ပိုကောင်းပါတယ်။ Apple Event ကို မကြည့်လိုက်ရတဲ့ လူတွေအတွက် မိနစ်ပိုင်းပဲရှိတဲ့ Pro မော်ဒယ် ၂ လုံးရဲ့ Promo Video ကို Apple က မျှဝေထားပါတယ်။

Pro မော်ဒယ်တွေဟာ ဈေးကြီးလို့ မတတ်နိုင်သူတွေအတွက် Apple က iPhone 13 နဲ့ 13 mini ကိုလည် ကြေညာထားပါတယ်။ ဈေးနှုန်းတွေက အရင်နှစ်ထုတ် မော်ဒယ်တွေနဲ့ တူညီပေမယ့် 13 နဲ့ 13 mini ရဲ့ Base Storage ဟာ ၂ ဆ များလာကာ 128GB ဖြစ်လာပါတယ်။

13 Series ရဲ့ ကင်မရာတွေဟာ 12 Series ထက် Hardware နဲ့ Software ၂ ပိုင်းစလုံးမှာ သိသိသာသာ တိုးတက်ကောင်းမွန်လာပါတယ်။ လူတွေရဲ့ အက်ရှင်ကို အခြေခံကာ Focus ကို အလိုလို ချိန်ညှိပေးတဲ့ Cinematic Mode အသစ်ရဲ့ စွမ်းရည်ကို အောက်ပါ Video မှာ လေ့လာကြည့်ပါ။

iPhone 13 Pro နဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင် ၁ ခုရဲ့ Behind-the-scenes Footage ကိုလည်း အောက်မှာ ရှုစားကြည့်လိုက်ပါ။

iPad mini (2021) ဟာ ဒီဇိုင်းအပိုင်းမှာ များစွာ ပြောင်းလဲလာပြီး မျက်နှာပြင်ဘေးဘောင်တွေ ပိုပါးလွှာလာပါတယ်။ Air စတိုင် Power Button/Touch ID တပ်ဆင်ထားပြီး Apple Pencil ထောက်ပံ့ထားပါတယ်။

Apple က Watch Series 7 ကို ကြေညာလိုက်ပြီး ဒီနှစ်အကုန်လောက်မှာ ရောင်းချမှာပါ။ ပိုကြီးတဲ့ မျက်နှာပြင်၊ ပိုကြံ့ခိုင်တဲ့ ကိုယ်ထည်တွေပါတဲ့ စမတ်နာရီတွေကို အောက်မှာ ရှုစားလိုက်ပါ။

QuickPath Swipe Typing ထောက်ပံ့တဲ့ QWERTY Keyboard ပါလာပြီး အားသွင်းနှုန်းက ၃၃ ရာခိုင်နှုန်း ပိုမြန်လာပါတယ်။

iPhone , iPad နဲ့ Apple Watches တွေအားလုံးဟာ ပိုကောင်းလာတဲ့ Fitness+ Service ကို အသုံးပြုနိုင်ပါတယ်။

ref : gsmarena