Google ရဲ့ ကုမ္ပဏီခွဲ Waymo က အမေရိကန်မှ အဓိက မြို့ ၂ မြို့မှာ မောင်းသူမဲ့ တက္ကစီ ဝန်ဆောင်မှုကို တိုးချဲ့လိုက်ပါတယ်။ Customer တွေ ပိုမိုများပြားလာအောင် ဝန်‌ဆောင်မှုကို တိုးချဲ့ပေးလိုက်တာလို့ ပြောပါတယ်။

Waymo robotaxi in San Francisco

ဆန်ဖရန်စစ္စကိုမှာ Waymo က ဝန်‌ဆောင်မှု ပေးတဲ့ ဧရိယာကို မြို့တောင်ပိုင်းရှိ San Francisco Peninsula ၊ Daly City ၊ Broadmoor နဲ့ Colma တို့မှာ တိုးချဲ့ပေးလိုက်ပါတယ်။ စုစုပေါင်း နောက်ထပ်  ၁၀ စတုရန်း မိုင်ကို တိုးချဲ့ပေးလိုက်တာ ဖြစ်ပြီး ၅၅ စတုရန်း မိုင် အထိ ရှိလာပါတယ်။ ဆန်ဖရန်စစ္စကိုမှာ ၂၄ နာရီ အချိန်ပြည့် ဝန်ဆောင်မှုပေးနေပြီး Waymo One App ကနေ ကားငှားနိုင်ပါတယ်။

Waymo's So-Called Robo-Taxi Launch Reveals a Brutal Truth | WIRED

လော့စ်အင်ဂျလိစ်မှာ Waymo က Marina del Rey ၊ Mar Vista နဲ့ Playa Vista အပါအဝင် ဧရိယာ အသစ်တွေမှာ ဝန်ဆောင်မှု တိုးချဲ့ပေးလိုက်ပါတယ်။ ကုမ္ပဏီက Hollywood ၊ Chinatown နဲ့ Westwood တို့မှာလည်း ဝန်ဆောင်မှု ပေးလိုက်ပါတယ်။

Waymo ဟာ ၂၀၂၃ ခုနှစ် နှောင်းပိုင်းမှာ လော့စ်အင်ဂျလိစ်မှာ မောင်းသူမဲ့ တက္ကစီ ဝန်ဆောင်မှုကို စမ်းသပ်ပြေးဆွဲခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် မတ်လမှာ ဝန်ဆောင်မှုကို စတင်ခဲ့ပြီး ဧပြီလမှာ အခကြေးငွေ စတင် ကောက်ခံခဲ့ပါတယ်။

Ref : theverge