OPPO ဖုန်းတွေဟာ စျေးကွက်အတွင်းမှာ Design ပိုင်းနဲ့ Camera ပိုင်း၊ အထူးသဖြင့် Selfie Camera ပိုင်းမှာ အားသာတဲ့ဖုန်းတွေအဖြစ် လူသိများပြီးသားဖြစ်ပါတယ်။ ဒီလိုမျိုး Camera ပိုင်းမှာ OPPO အနေနဲ့ အောင်မြင်မှုရရှိဖို့အတွက်ကလည်း နည်းပညာအသစ်တွေကို အမြဲတမ်းတီထွင်ဆန်းသစ်ခဲ့တာကြောင့်လို့ ပြောနိုင်ပါတယ်။

OPPO ကနေ လက်ရှိစျေးကွက်ထဲမှာရောင်းချနေတဲ့ OPPO F21 Pro ဖုန်းဟာလည်း Camera ပိုင်းမှာ တီထွင်ဆန်းသစ်မှုတွေအများအပြားပါဝင်နေမှာဖြစ်ပါတယ်။ နောက်ကျောဘက်က Back Camera ပိုင်းမှာဆိုရင် အရည်အသွေးကောင်းမွန်တဲ့ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မယ့် 64MP Primary Sensor ပါဝင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Portrait ဓါတ်ပုံတွေကို ရိုက်ကူးဖို့အတွက် 2MP Depth Sensor ကိုလည်း ထည့်သွင်းပေးထားတာကြောင့် Portrait အလှပုံတွေရိုက်ချင်တယ်ဆိုရင်လည်း အဆင်ပြေဦးမှာပါ။

အထူးခြားဆုံးအချက်ကတော့ 2MP Microscope Sensor ကို ထည့်သွင်းပေးထားတာဖြစ်ပြီး အရာဝတ္ထုတွေကို အသေးစိတ်ရိုက်ကူးနိုင်စေမှာဖြစ်ပါတယ်။ လုံးဝ Microscope တစ်ခုအောက်မှာ ရိုက်ထားသလိုမျိုး 15x နှင့် 30x Zoom ပြုလုပ်ထားသည့် Microscope ဓါတ်ပုံတွေက မတူညီတဲ့ မြင်ကွင်းအသစ်ကို ရိုက်ကူးနိုင်မှာသေချာပါတယ်။

ဒါကြောင့် OPPO က စမတ်ဖုန်းတွေမိတ်ဆက်ခဲ့တဲ့သက်တမ်းတလျှောက်မှာ Camera ပိုင်းနဲ့သက်ဆိုင်ပြီး ဘယ်လိုမျိုး တီထွင်ဆန်းသစ်မှုတွေပြုလုပ်ခဲ့တယ်။ ဘယ်လိုမျိုး နည်းပညာတွေက အောင်မြင်မှုကို ရရှိခဲ့ပြီး လက်ရှိထုတ်လုပ်နေတဲ့ဖုန်းတွေမှာ ဘယ်လို Camera နည်းပညာတွေကို အသုံးပြုနေတယ်ဆိုတာကို ဗဟုသုတရရှိစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

Rotating Camera ကို ၂၀၁၃ ခုနှစ်ထဲက မိတ်ဆက်ခဲ့ခြင်း

OPPO ဟာ အစောပိုင်းထဲက Camera ပိုင်းမှာ နည်းပညာအသစ်တွေကို ဆက်တိုက်တီထွင်ခဲ့ပြီး ဒီထဲမှာ မဖြစ်မနေထည့်သွင်းပြောရမှာကတော့ OPPO ကနေ ၂၀၁၃ နှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ OPPO N1 ဖုန်းပဲဖြစ်ပါတယ်။ OPPO N1 ဖုန်းမှာဆိုရင် ပထမဆုံးအနေနဲ့ Rotating Camera ကို စျေးကွက်အတွင်းကို မိတ်ဆက်ခဲ့တာဖြစ်ပြီး Front Selfie Camera အရည်အသွေးကို Back Main Camera နဲ့ ရိုက်နေသလိုမျိုး မြင့်မားတဲ့အရည်အသွေးကို ရရှိစေခဲ့ပါတယ်။

Stealth 3D Camera ကို ၂၀၁၈ မှာ မိတ်ဆက်နိုင်ခဲ့ခြင်း

နောက်ထပ် OPPO ရဲ့ Camera ပိုင်း တီထွင်ဆန်းသစ်နိုင်မှုတစ်ခုကို ပြောပါဆိုရင် Find X ဖုန်းမှာ အသုံးပြုထားခဲ့တဲ့ Stealth 3D Camera System ပဲဖြစ်ပါတယ်။ ဒီလိုမျိုး ၂၀၁၈ ခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ OPPO Find X ဖုန်းဟာ Motorized Pop-up Camera Design ကို Selfie Camera အတွက်ရော၊ Front Selfie Camera တွေအတွက်ပါ အသုံးပြုခဲ့ပြီးတော့ လုံးဝကို Design ပိုင်းမှာ တခြားဖုန်းတွေကနေ ကွဲထွက်စေခဲ့တာဖြစ်ပါတယ်။

Sharkfin Pop-up Camera ကို ၂၀၁၉ ခုနှစ်မှာ မိတ်ဆက်ခဲ့ခြင်း

OPPO Find X ဖုန်းမှာ အသုံးပြုထားတဲ့ Stealth 3D Camera System ကို တကယ့် Mainstream ဖုန်းစျေးကွက်ထဲကို စတင်မိတ်ဆက်ခဲ့တဲ့ဖုန်းကတော့ OPPO Reno 10x Zoom ဖုန်းပဲဖြစ်ပါတယ်။ Popup Camera Design ကို Shark Fin ပုံစံပြုလုပ်ထားတဲ့ အခုဖုန်းဟာ အရှေ့ဘက် Display ကို Full View Experience အပြည့်အဝရရှိနိုင်ခဲ့သလို Back Camera ပိုင်းမှာလည်း Periscope နည်းပညာကိုပထမဆုံး အသုံးပြုခဲ့တဲ့ဖုန်းလည်းဖြစ်ပါတယ်။

ဒါကြောင့် Camera ပိုင်းမှာ OPPO ဟာ Video ရိုက်ကူးသူတွေအခက်တွေ့ခဲ့တဲ့ လက်မငြိမ်မှုတွေကို အကောင်းဆုံးဖယ်ရှားပေးနိုင်ပြီး Gimbal တစ်လုံးမှာ တပ်ပြီး ရိုက်ကူးသလိုမျိုးကို Smooth ဖြစ်စေတဲ့ Ultra Steady Video Feature တွေ၊ မတူညီတဲ့ Camera Lens တစ်ခုနဲ့တစ်ခုကို ကွဲပြားမှုမရှိစေဘဲ ကူးပြောင်းနိုင်စေတဲ့ Hybrid Zoom လိုမျိုး နည်းပညာတွေကို မိတ်ဆက်ခဲ့ဖူးပြီး အဲ့ဒီနည်းပညာတွေဟာ တကယ်ကို အမိုက်စားဖြစ်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် OPPO ဖုန်းတွေမှာ လူတွေအများစု Camera ပိုင်းအကြိုက်အတွေ့ဆုံးဖြစ်ခဲ့တဲ့ Feature တွေဆိုရင်တော့ AI Camera Feature တွေပဲဖြစ်ပြီး Gimmick တစ်ခုအနေနဲ့မဟုတ်ဘဲ လုံးဝအသုံးဝင်ပြီး လက်တွေ့မှာ တကယ်ကို ထူးခြားတဲ့ဓါတ်ပုံတွေ ဖန်တီးနိုင်တာပဲဖြစ်ပါတယ်။ အထူးသဖြင့် AI Beautification ၊ AI Night Flare Portrait ၊ AI Ultra Night Selfie Mode တွေဟာ လုံးဝကို OPPO ဖုန်းတွေမှာပဲရရှိနိုင်တဲ့ AI Camera Feature တွေအဖြစ် လူသိများခဲ့တာဖြစ်ပါတယ်။

အခုလည်း OPPO ကနေ စျေးကွက်အတွင်းမှာ ရောင်းချနေတဲ့ OPPO F21 Pro ဖုန်းမှာလည်း ဒီလိုမျိုး Camera ပိုင်းမှာ တီထွင်ဆန်းသစ်မှုတစ်ခုကို ထည့်သွင်းပေးထားပါတယ်။ ဒါကတော့ Sony နှင့် ပူးပေါင်းမှုတွေပြုလုပ်ခဲ့ပြီး IMX709 Sensor ကို အသုံးပြုလိုက်တာပဲဖြစ်ပါတယ်။ Sony IMX709 Sensor က RGBW Sensor အမျိုးအစားဖြစ်ပြီး အလင်းဝင်နှုန်းကို ပုံမှန်ထက် ၆၀ ရာခိုင်နှုန်းပိုပြီး ဝင်ရောက်စေမှာဖြစ်ပါတယ်။ Sony ရဲ့ Flagship Sensor တစ်ခုလို့တောင် ပြောနိုင်တာကြောင့် OPPO F21 Pro ရဲ့ Selfie Camera အရည်အသွေးဟာ Flagship ဖုန်းတစ်လုံးရဲ့ အရည်အသွေးအတိုင်း ရှိနေတာဖြစ်ပါတယ်။

ဒီလိုမျိုး Selfie Camera ပိုင်းမှာ အရည်အသွေးမြင့်မားတဲ့ Sony IMX709 Sensor ကို အသုံးပြုထားတာက နေ့စဥ်အသုံးပြုမှုတွေမှာလည်း Video Call ပြောဆိုတဲ့အချိန်တွေ၊ Video Conferencing ၊ Online Learning ပြုလုပ်တဲ့အချိန်တွေမှာ တကယ်အသုံးဝင်စေမှာဖြစ်ပါတယ်။ အထူးသဖြင့် RGBW Sensor က Front Selfie Camera ကို အသုံးပြုမှုများပြားတဲ့ Indoor အခြေအနေတွေနဲ့ ညဘက်တွေမှာ သာမန် Sensor တွေထက် အလင်းဝင်နှုန်းမြင့်မားတာကြောင့် အရည်အသွေးပိုကောင်းစေမှာပါ။

နောက်ပြီး Selfie Camera နဲ့ ဓါတ်ပုံရိုက်ကူးချင်တဲ့သူတွေအတွက်လည်း ညဘက်ရိုက်ကူးတဲ့အချိန်မှာ Bokeh Flare Portrait Feature နဲ့ ရိုက်ကူးနိုင်ပြီး အလွန်လှပတဲ့ Portrait ပုံတွေကို ရိုက်ကူးနိုင်မှာပါ။ နေ့လည်ဘက်တွေနဲ့ နေရောင်အောက်မှာ ရိုက်ကူးတဲ့ဓါတ်ပုံတွေမှာလည်း Subject အနောက်ဖက်က အလင်းရောင်ရဲ့ Highlight တွေကို မြင်တွေ့နိုင်စေဖို့အတွက် HDR Feature ကလည်း ကောင်းမွန်စွာအလုပ်လုပ်နိုင်မှာဖြစ်ပါတယ်.

နောက်ထပ်မျှဝေပေးခြင်တဲ့ သတင်းကောင်းတစ်ခုကတော့ အခုလိုမျိုး Camera ပိုင်း အဆင့်မြင့်မားတဲ့ F21 Pro အပြင် တခြားသော မည်သည့် OPPO စမတ်ဖုန်းကိုမဆို ဇွန်လ ၂၆ ရက်နေ့ မှ ဇူလိုင်လ ၃၁ ရက်နေ့ အထိ သတ်မှတ်ကာလအတွင်း ဝယ်ယူသူ Customer တွေအတွက် Million Winners Monsoon Promotion ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒီ သတ်မှတ်ကာလအတွင်း အပတ်စဉ်တိုင်းမှာ ဆုငွေ ၁ သန်း ပိုင်ဆိုင်နိုင်မဲ့ အခွင့်အရေးအပြင် တခြား ဆုလက်ဆောင်တွေ ကံထူးနိုင်မဲ့ အစီအစဉ် တစ်ခုကို OPPO Myanmar Facebook Page ကနေ စတင်မိတ်ဆက်ပေးနေပြီဖြစ်ပြီး ပထမဆု ၁ သန်း ကျပ် (၉ ဆု)၊ ဒုတိယဆု OPPO Watch (41mm) ဆု (၁၅ ဆု)၊ တတိယဆု OPPO Band ဆု (၃၀ ဆု) တို့ကို ကံထူးနိုင်မှာဖြစ်ပါတယ်။

ဒါ့ အပြင် OPPO ကနေ Customer တွေအတွက် F21 Pro၊ A76၊ A55၊ A16K ဖုန်းတွေကို သတ်မှတ်ကာလအတွင်း ဝယ်မယ်ဆိုရင် လျှော့ဈေးနဲ့ လက်ဆောင်များ ပေးအပ်သွားမည့် နောက်ထပ် အထူး အစီအစဥ်တစ်ခုလဲ ထပ်မံရှိသေးပါတယ်။ ဒီ အထူးအစီအစဥ်တွေနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေ၊ ပါဝင်ကံစမ်းနိုင်တဲ့ အချက်အလက်တွေကို ပိုမိုသိရှိလိုပါက OPPO Myanmar ၏ Official Facebook Page မှာ ဝင်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။