၁၉ ရာစု အကုန်လောက်က ဥရောပက ပန်းချီဆရာတွေ စုပေါင်းပြီး နောက်လာမယ့် နှစ် ၁၀၀ ကျော် အနာဂတ်ကို စိတ်ကူးယဉ်ရေးဆွဲခဲ့ကြပါတယ်။
အရုပ်ပါမြင်ရတဲ့ ဖုန်းခေါ်တဲ့စနစ်တွေ ဖြစ်ပေါ်လာမယ်
ကိုယ်ဘယ်မှာ ရောက်ရှိနေလဲဆိုတာ အခရာမကျတော့ဘဲနဲ့ အရုပ်ပါမြင်ရတဲ့ ဖုန်းခေါ်တဲ့စနစ် ယနေ့ခေတ်အခေါ်အဝေါ်အရဆိုရင် Video Calls တွေနဲ့ ဆက်သွယ်လာနိုင်မယ်လို့ စိတ်ကူးယဉ်ရေးဆွဲခဲ့ကြပါတယ်။
တက်ဆီ လေယာဉ်တွေပေါ်လာမယ်
လမ်းပေါ်မှာ အငှားယာဉ် (တက်ဆီ)တွေသာမက လူတွေရဲ့ လိုရာကို လေထဲကနေ ပို့ဆောင်ပေးမယ့် တက်ဆီ လေယာဉ်တွေ ပေါ်လာမယ်လို့ ရေးဆွဲထားတာပါ။ အခုဆိုရင် Uber ကုမ္ပဏီက အမေရိကန်ပြည်ထောင်စုမှာ တက်ဆီ လေယာဉ်တွေပြေးဆွဲဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။
လေသင်္ဘောကြီးတွေနဲ့ ဝေဟင် တိုက်ပွဲတွေ တိုက်ကြမယ်
သင်္ဘောကြီးတွေက ကြီးမားတဲ့ ဘောလုံးကြီးတွေ တွဲပြီး ပျံသန်းတိုက်ခိုက်ကြမယ်လို့ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က ခန့်မှန်းထားတာပါ။
လေသင်္ဘောကြီးတွေက ကမ္ဘာစစ်မှာပေါ်ခဲ့ပြီး လေထဲမှာ တိုက်ခိုက်ခဲ့ကြသလို လေထဲမှာ တိုက်ခိုက်ဖို့ ဖွဲ့ထားတဲ့ လေတပ်တွေလည်း စစ်တပ်တော်တော်များများမှာလည်းရှိပါတယ်။
စက်မှုလယ်ယာ
လယ်သမားကြီးတွေက ကိုယ်တိုင်လယ်ထဲဆင်းပြီး စိုက်ပျိုးရိုက်သိမ်းစရာမလိုတော့ဘဲ စက်တွေကို ထိန်းချုပ်ပြီး စိုက်ပျိုးရိုက်သိမ်းခိုင်းလို့ရနေလောက်ပြီလို့ စိတ်ကူးယဉ် ရေးဆွဲထားပါတယ်။ အခုအချိန်မှာ စက်မှုလယ်ယာတွေတော့ ဖြစ်ထွန်းလာပေမယ့် အလုံးစုံစက်ချည်းဘဲ အားကိုးရတဲ့စနစ်တော့ မဟုတ်သေးပါဘူး။
သန့်ရှင်းရေး လုပ်တဲ့စက်တွေ ပေါ်လာနိုင်
အိမ်သန့်ရှင်းရေး ၀န်ထမ်းက ကိုယ်တိုင်လုပ်စရာမလိုဘဲ သန့်ရှင်းရေးလုပ်တဲ့စက်တွေကိုဘဲ ခိုင်းစေရလာနိုင်တယ်ဆိုပြီး စိတ်ကူးယဉ်ရေးဆွဲထားပါတယ်။ အခုအချိန်မှာတော့ အလိုအလျောက်သန့်ရှင်းရေး လုပ်တဲ့စက်တွေတော့ တီထွင်လာနိုင်နေပါပြီ။