WhatsApp မှာ လုပ်ဆောင်ချက် အသစ်တွေ ထည့်သွင်းပေးလိုက်ပြီး အဲဒီထဲမှာ Animated Stickers တွေ ပါလာပါတယ်။ Telegram , iMessage နဲ့ WeChat တို့လို တခြား Messaging Platforms တွေမှာ Animated Stickers တွေဟာ လူကြိုက်အရမ်းများပေမယ့် WhatsApp မှာ ရိုးရိုး Stickers တွေပဲ သုံးနိုင်ခဲ့တာပါ။ WhatsApp ဟာ မကြာခင်မှာ ကိုယ်ပိုင်  Animated Stickers တွေကို ထည့်သွင်းတော့မှာပါ။

နောက်ထပ် လုပ်ဆောင်ချက် ၁ ခုက  ပရိုဖိုင်တွေအတွက် QR Code  ဖြစ်ပါတယ်။ အခုဆိုရင် အကောင့် ၁ ခုချင်းအတွက် ကိုယ်ပိုင် QR Code တွေ ရလာတဲ့အတွက် ဖုန်းနံပါတ်တွေ ရိုက်ထည့်စရာမလိုတော့ဘဲ လူတွေကို လွယ်လွယ်ကူကူ Add လို့ ရလာပါတယ်။ ဒီလုပ်ဆောင်ချက်ကိုလည်း Facebook Messenger မှာ ရနေတာ ကြာနေပါပြီ။

Group Video Call ဟာလည်း တိုးတက်လာပြီး အခုဆိုရင် Group Video Call မှာ ပါဝင်သူရဲ့ Video ကို နှိပ်လိုက်တာနဲ့ အကျယ်ချဲ့ပေးမှာပါ။ လူ ၈ ယောက်နဲ့ အောက်ဆိုရင် Group Chat စတင် နိုင်မှာ ဖြစ်ပြီး WhatsApp က အများဆုံး လူ ၈ ယောက်ကိုပဲ ထောက်ပံ့ထားပါတယ်။

WhatsApp ရဲ့ Web Version မှာလည်း App မှာလိုပဲ Dark Mode ပါလာပြီး WhatsApp ရဲ့ Stories Version ဖြစ်တဲ့ Status လုပ်ဆောင်ချက်ကို KaiOS Device တွေမှာ သုံးနိုင်ပါပြီ။ Desktop အတွက် Dark Mode , Group Video Call တိုးတက်မှုနဲ့ KaiOS က Status တို့ကို စတင် ဖြန့်ချိပေးနေပြီ ဖြစ်ပြီး Animated Stickers နဲ့ QR Code ကို လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ရကြမှာပါ။

Ref : gsmarena