WhatsApp ဟာ Windows အတွက် သီးသန့်အသုံးပြုနိုင်တဲ့ Standalone App ကို ဆောင်ရွက်နေတာအချိန်တစ်ခုရှိနေပြီဖြစ်ပါတယ်။ အခုအချိန်မှာတော့ WhatsApp ကို Microsoft Windows Store မှာ Beta အနေနဲ့ တရားဝင် Download ပြုလုပ်နိုင်ပြီလို့ သိရပါတယ်။

လောလောဆယ်မှာတေ့ာ WhatsApp App ဟာ Beta အနေနဲ့ပဲရှိသေးတာကြောင့် Function အများအပြားအသုံးပြုနိုင်ဦးမှာမဟုတ်ပါဘူး။ ဒါပေမယ့် ပုံမှန် Messaging Feature တွေအကုန်လုံးကိုတော့ ကောင်းကောင်းအသုံးပြုနိုင်မယ်လို့ သိရပါတယ်။

WhatsApp App ဟာ Microsoft ရဲ့ Universal Windows Platform (UWP) ကို အခြေခံပြီးတည်ဆောက်ထားတာဖြစ်ပြီး App ကို ပိတ်လိုက်ရင်တောင်မှ Notification တွေက ဆက်လက်အလုပ်လုပ်သွားမှာဖြစ်ပါတယ်။ UWP App ဖြစ်တာကြောင့် ကိုယ့်စက်ကိုလည်း အရမ်းလေးစေမှာမဟုတ်ဘဲ သာမန် Web Browser Tab တစ်ခုဖွင့်ထားသလိုမျိုးပဲ ပေါ့ပါးနေစေမှာပါ။

Beta အဆင့်ပဲရှိသေးတယ်ဆိုပေမယ့် လက်ရှိအချိန်မှာ Writing Pad Feature နဲ့ Multi-Device Support ရရှိနေပြီဖြစ်တာကြောင့် စမတ်ဖုန်းမလိုဘဲ Log-in ဝင်ရောက်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း Stable Update မရောက်ခင်မှာ တခြားသော Feature တွေကို ထပ်မံထည့်သွားဦးမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena