WhatsApp က အမေရိကန်မှာ Cryptocurrency ကို အသုံးပြုကာ ငွေပေးပို့နိုင်တဲ့ လုပ်ဆောင်ချက်အသစ် ၁ ခုကို စမ်းသပ်နေတယ်လို့ ပြောပါတယ်။ WhatsApp ရဲ့ မိခင် ကုမ္ပဏီ Meta (အရင်က Facebook) ပိုင်တဲ့ ဒစ်ဂျစ်တယ် Wallet ဖြစ်တဲ့ Novi ကို အသုံးပြုထားပြီး User တွေဟာ နိုင်ငံတကာကို ငွေပေးပို့နိုင်ပါတယ်။

WhatsApp launches cryptocurrency payments pilot in the US - The Verge

WhatsApp CEO Will Cathcart က “ User တွေဟာ WhatsApp ကို အသုံးပြုပြီး ငွေတွေ ပေးပို့ကြပါတယ်။ အခုတော့ လုံခြုံစိတ်ချစွာ ပေးပို့နိုင်အောင် Novi က ကူညီပေးမှာ ဖြစ်ပြီး ဝန်ဆောင်ခ ပေးစရာ မလိုပါဘူး။ “ လို့ တွစ်တာမှာ ရေးသားထားပါတယ်။

Now WhatsApp Users Can Transfer And Receive Cryptocurrency Using Whatsapp  Pay, Meta Launch This Service For America - Gearrice

အမေရိကန်မှာ Novi ကို အသုံးပြုကာ ငွေပေးပို့တဲ့ သူတွေဟာ Blockchain ကုမ္ပဏီ Paxos Trust of New York က ထုတ်ထားတဲ့ Cryptocurrency ၁ မျိုး ဖြစ်တဲ့ U.S Pax Dollar (USDP) ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ USDP ဟာ အမေရိကန် ဒေါ်လာ တန်ဖိုးနဲ့ ချိတ်ဆက်ထားအောင် ဖန်တီးထားတာ ဖြစ်ပြီး ငွေတန်ဖိုး မတည်မငြိမ် မဖြစ်အောင် ဒီလို လုပ်ထားတာပါ။ Pax Dollar ၁ ယူနစ်ဟာ အမေရိကန် ၁ ဒေါ်လာနဲ့ တန်ဖိုးညီမျှပြီး Novi အကောင့်ထဲကို အမေရိကန် ဒေါ်လာထည့်ရင် Pax ကို အလိုလို ပြောင်းလဲပေးမှာပါ။

WhatsApp ကနေ Novi ကို အသုံးပြုချင်ရင် Paper Clip Icon ကို နှိပ်ရမှာ ဖြစ်ပြီး အဲဒီနောက်မှာ Payment ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။‌ ငွေပေးပို့တာ၊ လက်ခံတာအတွက် ဝန်ဆောင်ခပေးစရာ မလိုသလို ငွေပေးပို့တဲ့ အကြိမ်အရေအတွက်ကိုလည်း မကန့်သတ်ထားပါဘူး။

Meta ရဲ့ Novi အတွက် ရေရှည်ရည်မှန်းချက်ကို မသိရသေးပေမယ့် Zelle , Venmo နဲ့ Cash App တို့လို ငွေပေးပို့တဲ့ App တွေကို ယှဉ်ပြိုင်လာစရာ ရှိပါတယ်။

Ref : cbsnews