COVID-19 ကပ်ရောဂါဆိုးကြောင့် လူတော်တော်များများ နေအိမ်မှာပဲ နေနေကြပြီး Group Video Call နဲ့ Group Audio Call တွေနဲ့ပဲ ဆက်သွယ်နေကြပါတယ်။ Google Duo လို Apps တွေမှာ Video Call အတွက် ပါဝင်နိုင်တဲ့ လူအရေအတွက်ကို ၅၀ ရာခိုင်နှုန်း တိုးမြှင့်ပေးထားပြီး အခုတော့ Facebook ပိုင်ဆိုင်တဲ့ WhatsApp ကလည်း ဒီလိုမျိုး ပြုလုပ်ပေးတော့မှာ ဖြစ်ပါတယ်။

WhatsApp နောက်ဆုံးထုတ် Beta Version က Code တွေအရ Group Video နဲ့ Audio Call မှာ ပါဝင်နိုင်တဲ့ လူအရေအတွက်ကို တိုးမြှင့်ပေးတော့မယ့် အထောက်အထားတွေ တွေ့လာရပါတယ်။ လက်ရှိမှာ လူ ၄ ယောက်ပဲ ပါဝင်နိင်ပြီး ပြိုင်ဖက်တွေထက် နည်းနေပါတယ်။

ဒီလို လူ ၄ ယောက်ထက် ပိုပါဝင်နိုင်ဖို့အတွက် အားလုံးမှာ နောက်ဆုံးထုတ် WhatsApp Version ကို ထည့်သွင်းထားဖို့ လိုအပ်ပါတယ်။ အများဆုံး ပါဝင်နိုင်တဲ့ လူအရေအတွက်ကို မသိရသေးပါဘူး။ မကြာခင်မှာ အဲဒီ သတင်းအချက်အလက်တွေကို သိလာရတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena