WhatsApp ဟာ လက်ရှိအချိန်မှာ လူသုံးအများဆုံးသော Messaging Service တစ်ခုဆိုရင်လည်း မမှားပါဘူး။ အခုနောက်ပိုင်းမှာ WhatsApp ဟာ Feature အသစ်တွေကို ဆက်တိုက်မိတ်ဆက်လာသလို အခုထွက်ပေါ်လာတဲ့သတင်းကလည်း အသုံးပြုသူတွေအတွက် သတင်းကောင်းတစ်ခုလို့ ပြောနိုင်ပါတယ်။

ဒါကတော့ WhatsApp ဟာ အသုံးပြုသူတွေကို ပေးပို့ပြီးတဲ့ Message တွေကို ပြန်ပြီး Edit ပြုလုပ်နိုင်မယ့် Feature တစ်ခုကို အသစ်ထည့်သွင်းပေးထားမယ်လို့ သိရပါတယ်။ ဒါက တခြားသော Messaging Service တော်တော်များများမှာ အသုံးပြုနိုင်ခြင်းမရှိတဲ့ Feature တစ်ခုဖြစ်တာကြောင့် WhatsApp ရဲ့ အားသာချက်တစ်ခုတောင် ဖြစ်လာနိုင်ပါတယ်။

ယခုသတင်းကို WABetaInfo ကနေ ဖော်ပြခဲ့တာဖြစ်ပြီး ဖော်ပြခဲ့တဲ့ Screenshot အရတော့ ပေးပို့ပြီးတဲ့ Message ကို ထောက်လိုက်တာနဲ့ Edit Button ကို မြင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် Edit ပြုလုပ်ဖို့က အလွန်လွယ်ကူမှာပါ။

အခုလိုမျိုး Message တွေကို ပြန်ပြီး Edit ပြုလုပ်နိုင်တာက လိုအပ်တဲ့ Feature တစ်ခုဖြစ်ပေမယ့် တစ်ဖက်မှာလည်း မူလ Message က ဘာလဲဆိုတာကို သိရှိနိုင်တဲ့ Edit History Feature လည်း လိုအပ်ပါသေးတယ်။ ဒါပေမယ့် WhatsApp မှာ အခုလိုမျိုး Edit History Feature ပါဝင်မလားဆိုတာကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးဘူးဖြစ်ပါတယ်။

လောလောဆယ် အဆိုပါ Edit Feature ဟာ စမ်းသပ်ဆဲအခြေအနေမှာပဲရှိနေသေးတယ်လို့ သိရပြီး Android နဲ့ iOS မှာ အရင်ဆုံးရရှိလာမယ်လို့ သိရပါတယ်။

Ref – Gizmo China