Meta ကုမ္ပဏီကနေ ပိုင်ဆိုင်တဲ့ WhatsApp ဟာ Business ပိုင်းအသုံးပြုသူများပြားတဲ့အပြင် လက်ရှိအချိန်မှာ စုစုပေါင်းအသုံးပြုသူ ၂ ဘီလီယံကျော်ရှိနေပြီဖြစ်တာကြောင့် အောင်မြင်တဲ့ Messaging Service လို့ ပြောနိုင်ပါတယ်။ အခုအချိန်မှာလည်း WhatsApp ကနေ အသုံးပြုသူတွေအတွက် Feature အသစ်တစ်ခုကို ထပ်မံထည့်သွင်းပေးလိုက်ပါပြီ။

ဒါကတော့ Android အတွက် WhatsApp Beta Version မှာ Message တွေကို Emoji နဲ့ Reaction ပေးနိုင်တဲ့ Feature ကို စတင်ထုတ်ပေးလိုက်တာပဲဖြစ်ပါတယ်။ ယခုသတင်းကို WABetaInfo ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Android အတွက် Beta Version 2.22.8.3 မှာ စတင်အသုံးပြုနိုင်တာကို တွေ့ရတယ်လို့ သိရပါတယ်။

ဒါကြောင့် WhatsApp အသုံးပြုသူတွေအနေနဲ့ Message ကို Long Press နှိပ်ပြီး Thumbs Up၊ Heart ၊ Crying, Laugher, Shocked Face ဒါမှမဟုတ် Folded Hands စတဲ့ Emoji ၆ ခုထဲက တစ်ခုနဲ့ React ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Meta ကုမ္ပဏီက ပိုင်ဆိုင်တဲ့ Facebook မှာလည်း ယခု Emoji Reaction ရရှိနေပြီဖြစ်တာကြောင့် WhatsApp က နောက်ဆုံးအနေနဲ့ Emoji React ပြုလုပ်နိုင်တဲ့ Social Media App တစ်ခုလို့တောင် ပြောနိုင်ပါတယ်။

ဒါပေမယ့်လည်း ယခု WhatsApp မှာ React ပြုလုပ်နိုင်တဲ့ Emoji တွေဟာ ၆ မျိုးပဲ ပါဝင်နေသေးပြီး တခြားသော Facebook Messenger ၊ Twitter လိုမျိုး ကိုယ်နှစ်သက်ရာ Emoji နဲ့ React ပေးနိုင်မှာတော့ မဟုတ်သေးပါဘူး။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Android Beta Version မှာ အသုံးပြုနိုင်ပြီဖြစ်တာကြောင့် မကြာခင်မှာ iOS အပြင် Desktop App အတွက်ပါ ရရှိလာမယ်လို့ ယူဆရပါတယ်။

Ref – The Verge