လက်ရှိအချိန်မှာ Social Media အများအပြားမှာ ဓါတ်ပုံတွေကို ပေးပို့နိုင်နေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း Social Media App အများစုကနေ ဓါတ်ပုံတွေပေးပို့မယ်ဆိုရင် အရည်အသွေးကို ချုံ့ပြီးပေးပို့တာဖြစ်တဲ့အတွက် Original သို့မဟုတ် အကောင်းဆုံးအရည်အသွေးနဲ့ ပေးပို့နိုင်မယ့် Social Media Messaging App တွေက ရှားပါးတယ်လို့တောင် ပြောနိုင်ပါတယ်။

အခုအချိန်မှာတော့ နာမည်ကြီး Messaging App တစ်ခုဖြစ်တဲ့ WhatsApp ဟာ ဒီလိုမျိုး ဓါတ်ပုံတွေပေးပို့တဲ့အချိန်မှာ Quality ကျတာကို ဖြေရှင်းနိုင်မယ့် Feature တစ်ခုကို ထည့်သွင်းပေးတော့မှာဖြစ်ပါတယ်။

ဒါကတော့ WhatsApp ကနေ ဓါတ်ပုံတွေပေးပို့တဲ့အချိန်မှာ Photo Upload Quality ကို Auto (Recommended) အပြင် Best Quality နဲ့ Data Saver ဆိုပြီး ၂ မျိုးရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီမှာမှ Best Quality ဆိုတဲ့ Option ကိုရွေးချယ်လိုက်မယ်ဆိုရင် Image Quality အပြည့်နီးပါးနဲ့ တခြားသော အဆိုပါ ဓါတ်ပုံနဲ့သက်ဆိုင်တဲ့ Data တွေကိုပါ ထည့်သွင်းပေးပို့မယ်လို့သိရပါတယ်။

ဒီလိုမျိုး Best Quality နဲ့ပေးပို့မယ်ဆိုရင် ရိုက်ကူးထားတဲ့ Camera Megapixel နဲ့ လိုင်းအခြေအနေပေါ်မှုတည်ပြီးတော့ ပုံမှန်ထက် ပိုပြီးအချိန်ပေးရမှာဖြစ်ပါတယ်။ အခု Feature ကိုတော့ WhatsApp Android Beta Version မှာ စတင်အသုံးပြုနိုင်ပြီဖြစ်ပြီး မကြာခင်မှာ Stable Version အတွက်ပါ ထွက်ရှိလာမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် WhatsApp ဟာ လက်ရှိအချိန်မှာ လုံခြုံရေးအတွက် End-to-End Encryption Support ပြုလုပ်ထားသလို မကြာခင်မှာ Multiple Device Support အပြင် Disappearing Message လိုမျိုး Feature အသစ်တွေပါ ရရှိလာမှာဖြစ်တဲ့အတွက် ပြောင်းလဲအသုံးပြုသင့်တဲ့ Messaging App တစ်ခုလို့ တောင် ပြောနိုင်ပါတယ်။

Ref – Android Authority