Microsoft ရဲ့ Your Phone App ဟာ လက်ရှိအချိန်မှာ Windows 10 PC တွေနဲ့ Android ဖုန်းတွေကို အကောင်းဆုံးချိတ်ဆက်ပေးနိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။ အဆိုပါ Your Phone App ကနေ တစ်ဆင့် ဖုန်းခေါ်ဆိုမှုတွေ၊ Message တွေ၊ Notification တွေအပြင် ဓါတ်ပုံတွေကိုပါ ကြည့်ရှုနိုင်နေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း Microsoft ဟာ Samsung နဲ့ ပူးပေါင်းမှုတွေပြုလုပ်ထားတဲ့အတွက် Your Phone App ဟာ Samsung ဖုန်းတွေနဲ့ ချိတ်ဆက်လိုက်ရင် Feature တွေ ပိုမိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ အခုလည်း Samsung Galaxy Note 20 လိုမျိုးဖုန်းအသုံးပြုနေတဲ့သူတွေအနေနဲ့ Microsoft Your Phone ကနေ တစ်ဆင့် Android App တွေကိုပါ Windows 10 မှာ အသုံးပြုနိုင်ပြီလို့ သိရပါတယ်။
ဒီလိုမျိုး Android App တွေကို တစ်ခုထဲတင်မဟုတ်ဘဲ Windows တစ်ခုစီနဲ့ Multitasking ပြုလုပ်နိုင်မှာဖြစ်သလို Start Menu သို့မဟုတ် Taskbar မှာလည်း အသုံးများတဲ့ App တွေကို Pinned ပြုလုပ်ထားနိုင်မှာပါ။ Control ပိုင်းအတွက်လည်း Mouse ၊ Keyboard နဲ့ Touch Input တွေအကုန်လုံးကို Support ပြုလုပ်မယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း တခြားသော Android စမတ်ဖုန်းတွေအနေနဲ့ကတော့ ယခု Feature ကို အသုံးပြုနိုင်ဦးမှာမဟုတ်ဘဲ Android 9.0 အထက် Samsung စမတ်ဖုန်းတွေပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ ဖုန်းရော Windows 10 PC ၂ ခုစလုံးက တူညီတဲ့ Wi-Fi Network ကို ချိတ်ဆက်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် နောက်ပိုင်းမှာ Android ဖုန်းနဲ့ Windows 10 PC တွေရဲ့ ချိတ်ဆက်မှုက ပိုပြီးအဆင်ပြေလာတော့မှာဖြစ်ပါတယ်။
Ref – Engadget