နည်းပညာ ကုမ္ပဏီတွေဟာ ထုတ်ကုန် အသစ်တွေကို ကိုယ်ပိုင် မိတ်ဆက်ပွဲတွေနဲ့ ကြေညာလေ့ ရှိကြပါတယ်။ ဒါ့အပြင် နှစ်စဉ်ကျင်းပတဲ့ Consumer Electronics Show (CES) ၊ Mobile World Congress (MWC) နဲ့ SXSW နည်းပညာ ပြပွဲတွေမှာလည်း အပြိုင်အဆိုင် ပြသလေ့ရှိကြပါတယ်။ အခု ကျင်းပနေတဲ့ Consumer Electronics Show (CES) 2023 နည်းပညာပြပွဲမှာ စမတ်ဖုန်း၊ တက်ဘလက်နဲ့ လက်ပ်တော့တွေအပြင် ထူးခြားဆန်းသစ်တဲ့ ထုတ်ကုန်တွေကို ပြသခဲ့ကြပါတယ်။

အဲဒီ ထုတ်ကုန်တွေထဲမှာ ဆီးကို စစ်ဆေးပေးတဲ့ Withings U-Scan Smart Urinalysis က ထူးခြားပါတယ်။ ပြင်သစ် Fitness Gadget ထုတ်လုပ်တဲ့ Withings က သင့်ရဲ့ ဆီးတွေကို အလဟဿ မဖြစ်စေချင်ပုံရပါတယ်။ သင့်ရဲ့ ဆီးမှာ အဖိုးတန်တဲ့ ကျန်းမာရေး ဒေတာတွေ ပါဝင်နေပါတယ်။ U-Scan Smart Home Urinalysis ကို ဥရောပမှာ ဒီနှစ်နှောင်းပိုင်း ရောင်းချမှာပါ။ အဲဒီ ကိရိယာ သင့်ရဲ့ ဆီးကနေ ကျန်းမာရေးကို စစ်ဆေးပေးမှာ ဖြစ်ပြီး ဝိုင်ဖိုင် ကနေ ကျန်းမာရေး ဒေတာတွေကို သင့် ဖုန်းထံ နေ့စဉ်ပို့ပေးမှာပါ။

Now there is an app for this too

စက်ဝိုင်းပုံသဏ္ဍာန် ကိရိယာကို အိမ်သာထဲမှာ တွဲလောင်း ချိတ်ဆွဲထားရမှာ ဖြစ်ပြီး သင် ဆီးသွားတဲ့အခါ ကိရိယာအပေါ် ပန်းချရမှာပါ။ ကိရိယာရဲ့ အပူချိန် တိုင်းတာတဲ့ ဆန်ဆာက ပူနွေးမှုကနေ ဆီးတွေကို အာရုံခံနိုင်ပြီး အသည်းက ထုတ်လုပ်ပေးတဲ့ Ketones ဓါတုပစ္စည်းနဲ့ ဟော်မုန်းတို့လို အရာတွေကို စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ သင့်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို သင့် စမတ်ဖုန်းထံ ပေးပို့ပေးမှာ ဖြစ်ပါတယ်။ ဥရောပမှာ ယူရို ၅၀၀ နဲ့ ရောင်းချမှာပါ။

Ref : androidpolice