အင်္ဂလန်နိုင်ငံ နော့တင်ဟမ်မြို့က အသက် ၂၉ နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဆိုဖီဒေါင်းနင်း (Sophie Downing) ဟာ ညတွင်းချင်းမှာပဲ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။ သူမဟာ ဒေသတွင်း ကော်ဖီဆိုင်တစ်ခုဖြစ်တဲ့ 200 Degrees မှာ ကော်ဖီသောက်ဖို့ ခရစ္စမတ်လက်ဆောင်ရထားတဲ့ ပေါင် ၁၀ တန်ဖိုးရှိမယ်လို့ ထင်ထားတဲ့ လက်ဆောင်ကတ်တစ်ခုကို သွားရောက်အသုံးပြုရာကနေ အဲဒီကတ်ထဲမှာ ပေါင် ၆၃ ကွဒရီလီယံ (၆၃,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀) ကျော်အထိ ရှိနေတာကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

Change due? £63,011,900,191 (BPM Media)

အဲဒီပမာဏဟာ အီလွန်မတ်စ်ရဲ့ ကြွယ်ဝချမ်းသာမှုထက် အဆပေါင်း တစ်သိန်းကျော် ပိုများနေတာပါ။ ဒါ့အပြင် ယူကေနိုင်ငံရဲ့ စီးပွားရေးထက် အဆပေါင်း ၂၂,၅၀၀၊ အမေရိကန်နိုင်ငံရဲ့ ဂျီဒီပီထက် အဆပေါင်း ၂,၇၀၀ နဲ့ တစ်ကမ္ဘာလုံးရဲ့ စီးပွားရေး စုစုပေါင်းထက် အဆပေါင်း ၆၇၀ ကျော်အထိ ပိုများနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီငွေတွေကို ကော်ဖီနဲ့ ခရိုဆွန့် (croissants) တွေ ဝယ်ဖို့ကလွဲပြီး ကားအသစ်ဝယ်တာ ဒါမှမဟုတ် အိမ်ဝယ်တာတွေအတွက် အသုံးပြုလို့ မရနိုင်ပါဘူး။

Woman becomes richest person in the world with a net worth 100,000 times  bigger than Elon

ဆိုဖီက အဲဒီကတ်ကို စတင်အသုံးပြုချိန်မှာ ငွေရှင်းကောင်တာက ဝန်ထမ်းဟာ အရမ်းကို ရှုပ်ထွေးသွားပြီး ကတ်ထဲက ပမာဏကြီးကို မြင်တဲ့အခါ အံ့သြသွားခဲ့တယ်လို့ ပြန်လည်ပြောပြခဲ့ပါတယ်။ ဝန်ထမ်းက ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးပေမယ့် ဆက်သုံးဖို့ ခွင့်ပြုခဲ့ပါတယ်။ ဘားကုဒ် (barcode) နံပါတ်ကို မှားယွင်းစကင်ဖတ်မိရာကနေ အဲဒီဂဏန်းတွေက ငွေပမာဏအဖြစ် ပြောင်းလဲသွားတာ ဖြစ်နိုင်တယ်လို့ သူမက ခန့်မှန်းထားပါတယ်။

Secret Sugar Club လို့ခေါ်တဲ့ အမွေးအမျှင်ဖယ်ရှားရေး လုပ်ငန်းတစ်ခုကို ဦးစီးလုပ်ကိုင်နေတဲ့ ဆိုဖီဟာ အဲဒီကတ်ကို ဒုတိယအကြိမ် အသုံးပြုပြီးနောက်မှာတော့ ဒီလောက်များပြားတဲ့ ပမာဏကြီး ကျန်ရှိနေသေးတာကို သိလိုက်ရတဲ့အတွက် နောက်ထပ်မသုံးတော့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကော်ဖီဆိုင်ဘက်က အဲဒီအမှားကို သတိမထားမိသေးပေမယ့် သူမကတော့ ဆိုင်ကပစ္စည်းတွေအကုန်လုံးကို အလကားယူသလိုမျိုး မလုပ်ချင်တဲ့အတွက် ကိုယ်ကျင့်တရားအရ ဆက်မသုံးတော့တာ ဖြစ်ပါတယ်။

Ref : Ladbible