အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားမှ Pasadena မှာ ကမ္ဘာ့ ပထမဆုံး AI စားသောက်ဆိုင်ကို လာမယ့်ရက်သတ္တပတ်တွေအတွင်း ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ စားသောက်ဆိုင်မှာ လူသား ဝန်ထမ်းနဲ့ စားဖိုမှူးတွေ မရှိဘဲ AI နည်းပညာ သုံးထားတဲ့ စက်ရုပ်တွေကပဲ အော်ဒါကောက်တာ၊ ဟင်းချက်တာ၊ စားပွဲထိုးလုပ်တာတွေ ပြုလုပ်ပေးမှာပါ။

screen-shot-2024-01-06-at-10-43-16-am.png

အဲဒီစားသောက်ဆိုင်ရဲ့ အမည်က CaliExpress ဖြစ်ပြီး ကမ္ဘာ့ ပထမဆုံး AI စက်ရုပ်စားဖိုမှူးကို တီထွင်ထားတဲ့ Miso Robotics နဲ့ Biometrics ကနေ  အော်ဒါတွေ ကောက်နိုင်တဲ့ နည်းပညာကို တီထွင်ထားတဲ့ PopID ရဲ့ နည်းပညာတွေကို အသုံးပြုမှာပါ။ CaliExpress ကို Madison Avenue အနားမှ 561 E. Green လမ်းမှာ ဖွင့်လှစ်မှာပါ။

miso-robotics-flippy-2.jpg

PopID ရဲ့ CEO နဲ့ Miso Robotics ရဲ့ ဘုတ်အဖွဲ့ဝင် John Miller က “  ဒါဟာ အော်ဒါကောက်တာနဲ့ ဟင်းချက်တာကို AI စက်ရုပ်တွေနဲ့ ပြုလုပ်တဲ့ ကမ္ဘာ့ ပထမဆုံး စားသောက်ဆိုင်ဖြစ်ပါတယ်။ နည်းပညာများစွာကို ပေါင်းစပ်ထားတဲ့ AI စားသောက်ဆိုင်ကို ဖန်တီးဖို့ နှစ်ပေါင်းများစွာ သုတေသန ပြုလုပ်ထားပြီး ကုမ္ပဏီများစွာမှာ ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

screen-shot-2024-01-06-at-10-38-19-am.png

Customer တွေဟာ စားသောက်ဆိုင်ထဲဝင်လာပြီး သူတို့ရဲ့ PopID အကောင့်နဲ့ အစားအစာတွေကို ကိုယ်တိုင်မှာယူနိုင်တဲ့ စက်မှာ အော်ဒါတင်ရမှာပါ။ အဲဒီနောက်မှာ AI စက်ရုပ်တွေက ဟင်းချက်နေတာကို ကြည့်ရှုနိုင်မှာပါ။ ပြီးရင်တော့ AI စက်ရုပ်တွေရဲ့ အရသာရှိတဲ့ အစားအစာတွေကို သုံးဆောင်နိုင်မှာပါ။

Ref: cbsnews