စတူဒီယို တော်တော်များများက generative AI သုံးတာကို တိတ်တဆိတ် လုပ်ကြတာ၊ ဒါမှမဟုတ် လုံးဝ ရှောင်ကြဉ်ကြပေမယ့် အဖွဲ့ငယ်လေး တစ်ခုကတော့ ဆန့်ကျင်ဘက် လုပ်ဆောင်လိုက်ပါတယ်။ Codex Mortis ရဲ့ နောက်ကွယ်က developer တွေက သူတို့ရဲ့ ဂိမ်းအသစ်ကို လူကဆွဲတဲ့ အနုပညာ၊ လူရေးတဲ့ ကုဒ်နဲ့ ရိုးရာ ဂီတဖန်တီးမှုတွေ မပါဝင်ဘဲ AI နဲ့ပဲ လုံးဝ ဖန်တီးထားတာဖြစ်ကြောင်း ပြောကြားထားပါတယ်။ အခုဆိုရင် အဲဒီဂိမ်းကို စမ်းသပ်ကစားနိုင်ဖို့ အခမဲ့ Steam demo တစ်ခုလည်း ရှိနေပါပြီ။

Steam စာရင်းအရ “ကုဒ်၊ အနုပညာ၊ အသံ၊ ဂီတနဲ့ စာသားတွေ အားလုံးဟာ AI vibe codes တွေဖြစ်တယ်” လို့ ဆိုပါတယ်။ ဒါဟာ developer တစ်ယောက်အနေနဲ့ AI အသုံးပြုမှုကို ပွင့်ပွင့်လင်းလင်း ပြောရုံသာမကဘဲ အဲဒါကို အဓိက ဆွဲဆောင်မှုအဖြစ်ပါ အသုံးပြုထားတဲ့ ရှားရှားပါးပါး ဖြစ်ရပ်တစ်ခုပါ။ Trailer ထဲက ဇာတ်ကောင် မျက်နှာတွေကအစ အဖွဲ့ဝင်တွေရဲ့ ဆယ်လ်ဖီပုံတွေကို AI နဲ့ ပြုပြင်ပြီး အသုံးပြုထားတာ တွေ့ရပါတယ်။

World's first fully AI-created game hits Steam with a free demo - Gizmochina

ဂိမ်းကစားပုံကတော့ ရင်းနှီးပြီးသား ပုံစံမျိုးဖြစ်ပြီး necromancy (မှော်ပညာ) ပါဝင်ကာ တစ်ယောက်တည်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ကစားနိုင်ပါတယ်။ ကနဦး သုံးသပ်ချက်တွေကတော့ အမျိုးမျိုး ရှိနေပြီး လက်တွေ့ build ထဲက ဂရပ်ဖစ်တွေက YouTube trailer လောက် မမိုက်ဘဲ နည်းနည်း ကြမ်းတမ်းနေသလို၊ တချို့ကစားသမားတွေက UI ပိုင်း အဆင်မပြေဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့် စက်ကနေ လုံးဝဖန်တီးထားတဲ့ ဂိမ်းတစ်ခု အလုပ်ဖြစ်တယ်ဆိုတာ ပြသနိုင်ဖို့အတွက်တော့ လုံလောက်မှု ရှိနေပါတယ်။

ဒီဂိမ်းက ပျော်ဖို့ကောင်းလား ဆိုတာကတော့ သီးခြားကိစ္စတစ်ခု ဖြစ်ပေမယ့် စတူဒီယိုကတော့ ပွင့်လင်းမြင်သာမှုနဲ့ ဈေးနှုန်းသက်သာမှုကို အားကိုးပြီး လူတွေကို ဆွဲဆောင်ဖို့ မျှော်လင့်ထားပါတယ်။ ဘာပဲဖြစ်ဖြစ် အခမဲ့ demo ကနေတစ်ဆင့် AI tools တွေနဲ့ လုံးဝ တည်ဆောက်ထားတဲ့ ဂိမ်းတစ်ခုမှာ ကိုယ်ပိုင်ဟန် ရှိမလား၊ ဒါမှမဟုတ် algorithm တွေ ဖန်တီးထားတဲ့အတိုင်း ခံစားရမလား ဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။

Ref : Gizmochina