တရုတ် ဆော့ဖ်ဝဲ အင်ဂျင်နီယာ အဖွဲ့ တစ်ခုက ကမ္ဘာ့ ပထမဆုံး အလိုအလျှောက် အလုပ်လုပ်နိုင်တဲ့ AI Agent ကို ပြသလိုက်ပါတယ်။ Manus လို့ အမည်ပေးထားပြီး လူကခိုင်းစရာ မလိုဘဲ ရှုပ်ထွေးတဲ့ အလုပ်တွေကို ပြုလုပ်နိုင်ပါတယ်။

Chinese AI Agent Manus unveiled, first fully autonomous AI agent

ChatGPT, Google Gemini , Grok  တို့လို AI Chatbot တွေဟာ လူက ခိုင်းမှ အလုပ်လုပ်တာ ဖြစ်ပါတယ်။ Manus ကတော့ ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင်ချနိုင်ပြီး အလုပ်တွေကို ကိုယ်တိုင် လုပ်နိုင်ပါတယ်။ အဲဒီ AI Agent ကို လူက ညွှန်ကြားခိုင်းစေဖို့ မလိုပါဘူး။

ဥပမာ အနေနဲ့ လူ တစ်ယောက်က တိုက်ခန်း တစ်ခန်း ရှာပေးဖို့ ပြောရင် Manus က ရာဇဝတ်မှု ဖြစ်ပွားနှုန်း၊ ရာသီဥတုနဲ့ ဈေးကွက် Trends တွေလို အခြေအနေတွေကို သုတေသန ပြုလုပ်ပေးပြီး အကောင်းဆုံး တိုက်ခန်းကို အကြံပြုပေးနိုင်ပါတယ်။

AI Model တစ်ခုထဲကို သုံးတာ မဟုတ်ဘဲ Manus ဟာ AI Model များစွာကို အသုံးပြုထားပါတယ်။ အဲဒီအတွက် ရှုပ်ထွေးတဲ့ အလုပ်တွေ၊ အဆင့်များစွာ ရှိတဲ့ အလုပ်တွေကို လွယ်ကူစွာ ပြုလုပ်နိုင်ပါတယ်။ အလုပ်တွေကို ပြုလုပ်ပြီးရင် သခင်ကို အသိပေးနိုင်ပါတယ်။

Manus ဟာ ပရော်ဖက်ရှင်နယ် ဝက်ဘ်ဆိုက်တွေကို အစအဆုံး လျှင်မြန်စွာ တည်ဆောက်နိုင်ပါတယ်။ လူမှုကွန်ရက်တွေကနေ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ရှာဖွေနိုင်ပြီး ဝက်ဘ်ဆိုက်ကို ဖန်တီးနိုင်ပါတယ်။ ဝက်ဘ်ဆိုက်ရဲ့ နည်းပညာ ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။

Ref: Interestingengineering