တစ်ကမ္ဘာလုံးမှာ လေယာဉ်တွေက ထုတ်လွှင့်တဲ့ ကာဘွန်ဒိုင်အောက်ဆိုက်ကြောင့် သဘာဝပတ်ဝန်းကျင်ကို များစွာ ထိခိုက်နေပါတယ်။ နိုင်ငံတကာ လေကြောင်း အဖွဲ့အစည်းတွေက ၂၀၅၀ ခုနှစ်မှာ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု လုံးဝ မရှိအောင် ကြိုးစားနေကြပါတယ်။

ကြီးမားတဲ့ စိန်ခေါ်မှုက လျှပ်စစ် လေယာဉ်တွေကို တီထွင်တာဟာ လျှပ်စစ်ကားတွေကို တီထွင်တာထက် အများကြီး ပိုမို ခက်ခဲပါတယ်။ ပညာရှင်တွေက လျှပ်စစ်ကား နည်းပညာ တော်တော်တိုးတက်လာတဲ့အချိန်ကျမှ လျှပ်စစ် လေယာဉ်တွေကို တီထွင်နိုင်မယ်လို့ ပြောကြပါတယ်။

ဒါပေမယ့် နယ်သာလန်မှ Elysian ကုမ္ပဏီက စွမ်းရည်မြင့်မားတဲ့ လျှပ်စစ် လေယာဉ်ကို တည်ဆောက်ဖို့ စီစဉ်ထားပါတယ်။ အဲဒီ လေယာဉ်ဟာ အားအပြည့်သွင်းထားရင် မိုင် ၅၀၀ (၈၀၅ ကီလိုမီတာ) မောင်းနှင်နိုင်ပြီး ခရီးသည် ၉၀ ကို တင်ဆောင်နိုင်မှာပါ။ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု ၉၀ ရာခိုင်နှုန်း လျှော့ချနိုင်မှာ ဖြစ်ပြီး နောက်ဆယ်စုနှစ်အတွင်း စီးပွားဖြစ် ပြေးဆွဲနိုင်ဖို့ မျှော်လင့်ထားပါတယ်။

ကုမ္ပဏီက နောက် ၂ နှစ်၊ ၃ နှစ်အတွင်း နမူနာ မော်ဒယ်နဲ့ ၂၀၃၀ ခုနှစ်မှာ စွမ်းရည်ပြည့် မော်ဒယ်ကို တည်ဆောက်ဖို့ စီစဉ်ထားပါတယ်။ အဲဒီ လျှပ်စစ် လေယာဉ်ကို E9X လို့ အမည်ပေးထားပြီး တောင်ပံ အရှည်က ၁၃၈ ပေ (၄၂ မီတာ) ရှိတဲ့အတွက် Boeing 737 နဲ့ Airbus A320 ထက် ပိုကြီးမားပါတယ်။

ဘက်ထရီတွေကို အားသွင်းရတာ လောင်စာဆီ ဖြည့်ရတာထက် အချိန်ပိုကြာပါတယ်။ Elysian က E9X ကို ၄၅ မိနစ်အတွင်း အားအပြည့်သွင်းနိုင်ဖို့ တီထွင်မယ်လို့ ပြောပါတယ်။

Ref : myelectricsparks