The Wall Street Journal က Apple ဟာ iPhone 17 Series ရဲ့ ဈေးနှုန်းကို တိုးမြှင့်ဖို့ စဉ်းစားနေတယ်လို့ သတင်းပေးထားပါတယ်။ Apple က အဲဒီ ဆုံးဖြတ်ချက်ကို အပြီးသတ် မချမှတ်သေးပါဘူး။ ဈေးနှုန်း တိုးမြှင့်တာဟာ အမေရိကန်က တရုတ် သွင်းကုန်တွေကို အခွန်တိုးကောက်တာနဲ့ မသက်ဆိုင်ဘူးလို့သိရပါတယ်။
လက်ရှိမှာ အမေရိကန်နဲ့ တရုတ်တို့ဟာ အခွန်တိုးကောက်တာကို ရက် ၉၀ ရပ်နားထားဖို့သဘောတူညီထားပေမယ့် အမေရိကန်ကို ဝင်တဲ့ တရုတ် ကုန်ပစ္စည်းတွေကို ၃၀ ရာခိုင်နှုန်း အခွန်ကောက်မှာ ဖြစ်ပါတယ်။
အခုထွက်လာတဲ့ သတင်းအရ Apple ဟာ အလွန်ပါးလွှာပေါ့ပါးတဲ့ iPhone 17 Air နဲ့ Feature အသစ်တွေ အပါဝင် iPhone 17 Series မှာ ဒီဇိုင်းပြောင်းလဲထားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် iPhone 17 Series ရဲ့ ဈေးနှုန်းကို တိုးမြှင့်မှာ ဖြစ်ပါတယ်။ iPhone 17 Pro မော်ဒယ်တွေမှာ အဆင့်မြှင့်ထားတဲ့ ကင်မရာ Island ၊ အလူမီနီယမ် ဖရိမ်နဲ့ Reverse Wireless Charging တွေ ပါလာနိုင်ပါတယ်။
Apple ဟာ အမေရိကန် ရဲ့ အခွန်ကို ရှောင်ဖို့ အမေရိကန်မှာ ရောင်းချတဲ့ ဖုန်း အားလုံးကို တရုတ် က မဟုတ်ဘဲ အိန္ဒိယကနေ တင်သွင်းမှာ ဖြစ်ပါတယ်။ Foxconn က ဒီနှစ်ထဲမှာ အိန္ဒိယမှာ iPhone ထုတ်လုပ်မှုကို ၂ ဆ တိုးမြှင့်နေပြီး သန်း ၃၀ အထိ ထုတ်လုပ်မှာ ဖြစ်ပါတယ်။
Ref : Gsmarena