WWE လို့ လူသိများကြတဲ့ အမေရိကန် ဖျော်ဖြေရေး ကုမ္ပဏီက Blockchain Creative Labs နဲ့ ပူးပေါင်းပြီး Non-fungible Token (NFTs) ဈေးကွက် ၁ ခု တည်ထောင်မှာ ဖြစ်ပါတယ်။ Wrestlemania နဲ့ SummerSlam တို့လို အထင်ကရ ပွဲတွေက အမှတ်တရ ပုံရိပ်တွေကို ဒစ်ဂျစ်တယ် Collectible အဖြစ် ဖန်တီးမှာ ဖြစ်ပါတယ်။

WWE is selling Undertaker NFTs for $10K - Cageside Seats

ကုမ္ပဏီများစွာဟာ NFTs နယ်ပယ်ကို ဝင်ရောက်လာကြပြီး အခုတော့ နာမည်ကြီး World Wrestling Entertainment ကလည်း အဲဒီ လမ်းစဉ်ကို လိုက်လာပြီ ဖြစ်ပါတယ်။ WWE ဖန်တီးမယ့် NFTs ထဲမှာ နာမည်ကြီး နပန်းသမားတွေ ပါဝင်မှာ ဖြစ်ပေမယ့် WWE ရဲ့ ဘဝတစ်သက်တာ နာမည်အကြီးဆုံး ကစားသမားဖြစ်တဲ့ The Rock တော့ မပါပါဘူး။


WWE ရဲ့ အကြီးတန်း ဒုတိယ ဥက္ကဌ ဖြစ်သူ Scott Zanghellini က “ Blockchain Creative Labs ဟာ NFTs နယ်ပယ်မှာ မြန်မြန်ဆန်ဆန်ပဲ ဦးဆောင်သူ ဖြစ်လာပြီး NFTs ဈေးကွက်အကြောင်းကိုလည်း နောကျေအောင် သိနားလည်ကြပါတယ်။ “ လို့ ပြောပါတယ်။ Blockchain Creative Labs ဟာ NFTs ကုမ္ပဏီ အသစ် ဖြစ်ပြီး FOX Entertainment နဲ့ Bento Box Entertainment တို့ တည်ထောင်ထားတာ ဖြစ်ပါတယ်။

WWE ရဲ့ Fans တွေဟာ အဲဒီ NFTs တွေကို ဝယ်ယူနိုင်၊ ရောင်းချနိုင်၊ သိမ်းဆည်းနိုင်မှာ ဖြစ်ပြီး ရောင်းချမယ့် အချိန်ကို WWE က မကြေညာရသေးပါဘူး။ ဒါ့အပြင် NFTs ဈေးကွက်ရဲ့ အမည်နာမကိုလည်း မသိရသေးပေမယ့် WWE ရဲ့ ပြောရေးဆိုခွင့်ရှိသူ ၁ ဦးက မကြာခင် ရောင်းချတော့မယ်လို့ ပြောပါတယ်။

Ref : cryptopotato