Xiaomi 12 Lite 5G ကို မကြာခင် ကြေညာတော့မယ်လို့ ထင်ရပြီး အခုတော့ နာမည်ကြီး Tipster Evan Blass က တရားဝင် ဓါတ်ပုံတွေကို မျှဝေလိုက်ပါတယ်။ ဓါတ်ပုံတွေမှာ အရောင်တွေ အပြင် ရှုထောင့်မျိုးစုံကနေ ဒီဇိုင်းတွေကို မြင်ရပါတယ်။

Xiaomi 12 Lite 5G

Xiaomi 12 Lite 5G ရဲ့ မျက်နှာပြင် အထက် အလယ်မှာ Punch Hole ၁ ခု တပ်ဆင်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ အစား မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာကို အသုံးပြုထားပုံရပါတယ်။ ထောင့်စွန်းတွေက ပြားချပ်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။

ညာဘက်မှာ အသံနဲ့ ပါဝါ ခလုတ်တွေ တပ်ဆင်ထားပြီး ထိပ်မှာ မိုက်ကရိုဖုန်း၊ စပီကာနဲ့ IR Blaster တွေ ပါလာနိုင်ပါတယ်။ အောက်မှာ နောက်ထပ် စပီကာ၊ USB-C Port ၊ မိုက်ကရိုဖုန်းနဲ့ SIM Slot တွေ တပ်ဆင်ထားပါတယ်။

Xiaomi 12 Lite 5GXiaomi 12 Lite 5G

Xiaomi 12 Lite 5G မှာ LED Flash ထောက်ကူထားတဲ့ အနောက်ကင်မရာ ၃ လုံး ပါလာပြီး ပင်မ ကင်မရာက 108MP ဖြစ်ပါတယ်။ Xiaomi Branding ကို အနောက်ဘက်က အောက်ခြေမှာ မြင်ရပြီး Green , Black နဲ့ Pink အရောင်တွေ ထုတ်လုပ်ထားပါတယ်။

ပေါက်ကြားသတင်းအရ Xiaomi 12 Lite 5G မှာ ၆.၅၅ လက်မ AMOLED FHD+ မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 108MP Main , 8MP Ultrawide နဲ့ 5MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားမှာပါ။

Snapdragon 778G Chipset မောင်းနှင်ထားနိုင်ပြီး 6/128GB နဲ့ 8/128GB Version တွေ ထုတ်လုပ်ထားနိုင်ပါတယ်။ 67W Fast Charging ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီ ပါလာနိုင်ပြီး Android 12 အခြေပြု MIUI 13 မောင်းနှင်ထားနိုင်ပါတယ်။ လာမယ့် ရက်ပိုင်းအတွင်း ဥရောပနဲ့ အာရှမှာ ရောင်းချနိုင်ပါတယ်။

Ref : gizmochina