Xiaomi 12 Lite ကို တရားဝင် မကြေညာရသေးပေမယ့် စတိုးတချို့က ရောင်းချဖို့ စာရင်းတင်ထားပါတယ်။ ဥရောပ စတိုး ၂ ခု ဖြစ်တဲ့ ရိုမေးနီးယား အွန်လိုင်း စတိုး Evomag နဲ့ စပိန် Carrier Orange တို့က အဲဒီ စမတ်ဖုန်းကို ရောင်းချဖို့ စာရင်းတင်ထားတဲ့အတွက် မကြာခင် Xiaomi က တရားဝင် ကြေညာတော့မယ်လို့ ထင်ရပါတယ်။

Xiaomi 12 Lite teased ahead of global launch, European pricing leaks - Gizmochina

Xiaomi 12 Lite ကို ယူရို ၅၀၀ နဲ့ စာရင်းတင်ထားပြီး မြန်မာငွေ ၉၄၅,၀၀၀ ဝန်းကျင်တန်ကြေးရှိပါတယ်။ အရင်ပေါက်ကြားသတင်းအရ Snapdragon 778G Chipset နဲ့ 4,500mAh ဘက်ထရီ ပါမယ်လို့ သိရပါတယ်။

Xiaomi 12 Lite 5G launch teased as European retailers reveal pricing - NotebookCheck.net News

ရိုမေးနီးယားနဲ့ စပိန်က Specs Sheet ဟာ လုံးဝကွဲပြားနေပါတယ်။ အရှေ့ ဥရောပ စတိုးက Xiaomi 11 Lite NE Specs ကို အသုံးပြုထားတဲ့အတွက် ကင်မရာတွေနဲ့ ဘက်ထရီ ပမာဏတွေ လျော့နည်းနေပါတယ်။ ဒါပေမယ့် တောင်ပိုင်း ဥရောပ နိုင်ငံရဲ့ Specs တွေက ပိုမို မှန်ကန်တယ်လို့ ထင်ရပြီး တကယ့် ဓါတ်ပုံတွေကို ပြသထားသလို ပြားချပ်တဲ့ ဖရိမ် ဒီဇိုင်းကို အတည်ပြုထားပါတယ်။

ပေါက်ကြားသတင်းအရ Xiaomi 12 Lite မှာ ၆.၅၅ လက်မ AMOLED မျက်နှာပြင်နဲ့ Qualcomm Chipset ထည့်သွင်းထားမှာပါ။ အရွယ်အစား အနည်းငယ် ပိုကြီးတဲ့ ဘက်ထရီနဲ့ ပိုမို မြန်တဲ့ 67W Fast Charging ပါလာမှာပါ။ 108MP ပင်မ ကင်မရာကို 8MP Ultrawide Angle , 2MP Macro ကင်မရာတွေနဲ့ အားဖြည့်ထားမှာ ဖြစ်ပြီး ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်မှာပါ။

Ref : gsmarena