Xiaomi 12S ရဲ့ Hands-on ဓါတ်ပုံတွေ အရင်က ပေါက်ကြားခဲ့ဖူးပြီး Leica Branding ကို တွေ့ခဲ့ရပါတယ်။ သဘောကတော့ Xiaomi 12S ရဲ့ ကင်မရာတွေကို Xiaomi နဲ့ Leica တို့ ပူးပေါင်း ဖန်တီးထားကြတာ ဖြစ်ပါတယ်။ အနောက်ကင်မရာ Setup ဟာ Xiaomi 12 နဲ့ တူညီပေမယ့် Leica နဲ့ ပူးပေါင်းထားတဲ့အတွက် ဆန်းသစ်ပြောင်းလဲမှုတွေ ပါလာနိုင်ပါတယ်။

Xiaomi 12S Geekbench listing

အဲဒီ စမတ်ဖုန်းကို 3C မှာလည်း မှတ်ပုံတင်ထားပြီးပြီ ဖြစ်ပြီး အခုတော့ စမတ်ဖုန်းတွေရဲ့ စွမ်းဆောင်ရည်ကို လေ့လာဆန်းစစ်တဲ့ Geekbench ကို ရောက်လာပါပြီ။ 3C က မော်ဒယ်နံပါတ်ဖြစ်တဲ့ 2206123SC ကိုပဲ Geekbench မှာ တွေ့ရပါတယ်။ Geekbench က စာရင်းအရ ဖုန်းမှာ Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 12GB RAM ထည့်သွင်းထားပါတယ်။ ဆော့ဖ်ဝဲအကြောင်းပြောရရင် Android 12 မောင်းနှင်ထားပြီး MIUI 13 အုပ်ထားမယ်လို့ ထင်ရပါတယ်။

Xiaomi 12S (2206123SC) and Xiaomi MX Fold 2 (22061218C) listings

Snapdragon 8+ Gen 1 Chipset ပါတဲ့ Xiaomi 12S ဟာ Single-core စမ်းသပ်ချက်မှာ ၁,၃၂၈ မှတ်နဲ့ Multi-core စမ်းသပ်ချက်မှာ ၄,၂၃၄ မှတ်ရထားပါတယ်။ ဒီလ အစောပိုင်းက 3C မှ စာရင်းအရ 67W Fast Charging ထည့်သွင်းထားမှာပါ။

Xiaomi 12S မှာ 120Hz OLED မျက်နှာပြင်နဲ့ 50MP Main ကင်မရာ ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ Xiaomi 12S နဲ့အတူ Xiaomi 12S Pro ကိုပါ ကြေညာမှာ ဖြစ်ပြီး အဲဒီဖုန်းအတွက် Snapdragon 8+ Gen 1 နဲ့ Dimensity 9000 Chipset ၂ မျိုး ထုတ်လုပ်ထားမှာပါ။

Ref : gsmarena