Xiaomi 12T Pro Global ဗားရှင်းကို Geekbench မှာ အဓိက Specs တွေနဲ့အတူ ထွက်ပေါ်လာတာကို တွေ့မြင်ရပြီ ဖြစ်ပါတယ်။ Xiaomi ဟာ သူ့ရဲ့ 12T စီးရီးတွေကို တရားဝင်ထုတ်ဖော်ပြသဖို့ နီးကပ်နေပြီဖြစ်ပါတယ်။ မကြာသေးခင်က 12T စီးရီးဝင်တွေရဲ့ အသေးစိတ်အချက်အလက်တွေ ထွက်ပေါ်လာခဲ့ပါသေးတယ်။

ထူးခြားတယ်လို့ ပြောရမဲ့အချက်က Xiaomi 12T စီးရီးမှာ အခြေခံ Xaiomi 12T နဲ့ Xiaomi 12T Pro စမတ်ဖုန်းတွေပါဝင်တာပါပဲ။ ဒီ Device နှစ်ခုစလုံးကလည်း သက်ဆိုင်ရာ အသိအမှတ်ပြု ဝက်ဘ်ဆိုက်တွေကို ဖြတ်သန်းပြီး ဖြစ်နေပါပြီ။ ဒါ့အပြင် Xiaomi 12T Pro ရဲ့ ကင်မရာနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေလည်း ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။

အခု Geekbench မှာတော့ Xiaiomi 12T Pro ရဲ့ OS ဗားရှင်း၊ RAM, Processor နဲ့ အခြားအချက်အလက်အချို့ကို အတည်ပြုနိုင်ခဲ့ပါပြီ။ မော်ဒယ်နံပါတ် 22081212UG နဲ့ Geekbench မှာတွေ့မြင်ရတာက Xiaomi 12T Pro ဖြစ်ပါတယ်။ မော်ဒယ်နံပါတ်ပါ “G” ရဲ့ နောက်ဆက်တွဲဟာ ကမ္ဘာလုံးဆိုင်ရာ မူကွဲကို ရည်ညွှန်းကြောင်း အတည်ပြုနိုင်ခဲ့ပါပြီ။

Geekbench အရ Xiaiomi 12T Pro မှာ Octa-core processor ပါဝင်ကြောင်းလည်း အတည်ပြုနိုင်ပြီ ဖြစ်ပါတယ်။ Processor ဟာ 2.02GHz run တဲ့ Cores လေးခု ပါရှိပါတယ်။ 2.75GHz Cores ကတော့ သုံးခုပါရှိပြီး Prime Core တစ်ခုကတော့ 3.19GHz ဖြစ်ပါတယ်။ ဒါကြောင့် Snapdragon 8+ Gen 1 SoC ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ GPU ကတော့ Adreno 730 ပဲ ဖြစ်ပါတယ်။

Listing အရ နောက်ထပ်သိရတဲ့အချက်ကတော့ 12T Pro မှာ 8GB of RAM တပ်ဆင်ပေးထားတာဖြစ်ပါတယ်။ OS ကတော့ MIUI 13 ဖြစ်ပါတယ်။ Single Core ရမှတ်က 1,300 ဖြစ်ပြီး Multi Core ရမှတ်က 4,061 ဖြစ်တာကိုလည်း တွေ့ရပါတယ်။ သတင်းတွေအရ ဒီစမတ်ဖုန်းဟာ Full HD+ display နဲ့ In-display fingerprint scanner ထောက်ပံ့ထားမယ်လို့ သိရပါတယ်။

မျက်နှာပြင်အပေါ်ဘက်အလယ်မှာ Punch hole နဲ့အတူ 20MP selfie ကင်မရာတစ်လုံး တပ်ဆင်ပေးထားမယ်လို့ သိရပါတယ်။ ကျောဘက်မှာတော့ 200MP Samsung HP1 sensor နဲ့ 8MP, 2MP lens တွေကိုတပ်ဆင်ပေးထားမယ်လို့ သိရပါတယ်။ ဘက်ထရီက 5,000mAh ပမာဏဖြစ်ပြီး 120W first charging ကိုလည်း ထောက်ပံ့ထားမယ်လို့ သိရပါတယ်။

Ref: Gizchina