Xiaomi ဟာ လာမယ့် ဒီဇင်ဘာလအတွင်းမှာ Flagship စမတ်ဖုန်းအသစ်တွေဖြစ်တဲ့ Xiaomi 13 Series ကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုလိုမျိုး မိတ်ဆက်ဖို့အချိန်နီးကပ်လာတာနဲ့အတူ Xiaomi 13 Series ဖုန်းတွေရဲ့ သတင်းတွေကလည်း ထပ်မံပေါက်ကြားလာပြီဖြစ်ပါတယ်။

အခုထပ်မံထွက်ပေါ်လာတဲ့သတင်းကတော့ Xiaomi 13 Pro နဲ့ ပတ်သက်တဲ့သတင်းပဲဖြစ်ပြီး Specification တွေ အဓိကပေါက်ကြားလာခဲ့တာဖြစ်ပါတယ်။ အဆိုပါသတင်းအရ Xiaomi 13 Pro ဖုန်းဟာ Qualcomm Snapdragon 8 Gen 2 Chipset ကို အသုံးပြုလာမှာဖြစ်ပြီး RAM 8GB သို့မဟုတ် 12GB နဲ့အတူ Storage ပိုင်းမှာ 128GB ၊ 256GB နဲ့ 512GB ဆိုပြီး ထွက်ရှိလာမှာဖြစ်ပါတယ်။

Display ပိုင်းမှာတော့ 6.7″ E6 2K LTPO Display ကို အသုံးပြုလာမှာဖြစ်ပြီး QHD+ Resolution အပြင် 120Hz Refresh Rate ကိုပါ ထောက်ပံ့ပေးပါတယ်။

ထူးခြားချက်အနေနဲ့ကတော့ Xiaomi 13 Pro ဖုန်းဟာ Triple 50MP Camera Setup ကို အသုံးပြုလာမှာဖြစ်ပြီး Main Camera ၊ Ultrawide နဲ့ Telephoto Sensor တွေအကုန်လုံး 50MP Sensor ကို အသုံးပြုမှာဖြစ်ပါတယ်။ ဒါ့အပြင် Main Camera Sensor ဟာ 1-inch Sensor အမျိုးအစားဖြစ်တဲ့ Sony IMX989 ကို အသုံးပြုထားမှာဖြစ်ပြီး Xiaomi 12S Ultra မှာပါဝင်တဲ့ Main Camera နဲ့ တူညီမှာဖြစ်ပါတယ်။ ဒါ့အပြင် Charging နဲ့ Leica Color Science ပိုင်းတွေအတွက် Xiaomi ရဲ့ ကိုယ်ပိုင် Surge C2 နဲ့ P2 Chip တွေကို အသုံးပြုထားမှာဖြစ်ပါတယ်။

Selfie Camera ပိုင်းအနေနဲ့ကတော့ 32MP Sensor ကို အသုံးပြုထားမှာဖြစ်ပါတယ်။ ကျန်တဲ့ Specs တွေအနေနဲ့ကတော့ 120W Fast Charging ပါဝင်တဲ့ 4800mAh Battery ပါဝင်မှာဖြစ်ပြီး Android 13 ကို အခြေခံထားတဲ့ MIUI 14 ကို အသုံးပြုထားမယ်လို့ သိရပါတယ်။

Ref – GSM Arena