Xiaomi ဟာ Civi Series ကို တရုတ် ပြင်ပမှာ ရောင်းချပေးနေတာ နှစ်များစွာ ကြာပါပြီ။ Xiaomi 14 Civi ကို အိန္ဒိယမှာ ဇွန်လ ၁၂ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး Flipkart က အဲဒီဖုန်းရဲ့ Specs တွေပါတဲ့ Teaser ကို လွှင့်တင်ထားပါတယ်။

Xiaomi 14 Civi specs officially revealed ahead of June 12 launch - GSMArena.com news

Xiaomi 14 Civi ဟာ မတ်လက တရုတ်မှာ ကြေညာခဲ့တဲ့ Civi 4 Pro နဲ့ တူညီနိုင်ပါတယ်။ Flipkart မှ စာရင်းအရ အနောက်ဘက်မှာ 32MP ကင်မရာ ၂ လုံးနဲ့ 32MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာမှာဖြစ်ပါတယ်။ လေးဘက်လေးတန် ကွေးညွှတ်တဲ့ Display ပါလာမှာ ဖြစ်ပြီး Gorilla Glass Victus 2 နဲ့ ကာကွယ်ထားမှာပါ။ 120Hz Refresh Rate ထည့်သွင်းထားမှာ ဖြစ်ပြီး 1.5K Resolution ထောက်ပံ့ထားမှာပါ။

Xiaomi 14 Civi official detailsXiaomi 14 Civi official details

ဖုန်းရဲ့ အထူက ၇.၄ မီလီမီတာ ရှိပြီး အနောက်ဘက်မှာ သားရေ အတု ဒီဇိုင်းကို အသုံးပြုထားမှာပါ။ Cruise Blue, Matcha Green နဲ့ Shadow Black အရောင်တွေ ထုတ်လုပ်ထားမှာပါ။ Qualcomm Snapdragon 8s Gen 3 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 67W Fast Charging ထောက်ပံ့တဲ့ 4,700mAh Battery ပါလာမှာပါ။

အဲဒီ Specs အားလုံးဟာ Civi 4 Pro နဲ့ တူညီနေပြီး ဈေးနှုန်းနဲ့ ကျန်တဲ့ Specs တွေကို ဒီလ ၁၂ ရက်နေ့ကျမှ သိရမှာ ဖြစ်ပါတယ်။

Ref : gsmarena