Xiaomi ကနေ ယခုနှစ်စပိုင်းမှာ Xiaomi 13 နဲ့ Xiaomi 13 Pro ဖုန်းတွေကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ မကြာသေးခင်တုန်းက Xiaomi 13 Ultra ဖုန်းကို နောက်ဆုံးမိတ်ဆက်ခဲ့သလို ဒီနှစ်မကုန်ခင်မှာ နောက်ထပ် Flagship Series ဖုန်းတွေဖြစ်လာမယ့် Xiaomi 14 Series ဖုန်းတွေကိုပါ ထပ်မံမြင်ရဖွယ်ရှိနေပါတယ်။

ဘာကြောင့်လဲဆိုရင် ယခုလာမယ့် အောက်တိုဘာလ ၂၄ ရက်နေ့မှာ Qualcomm Snapdragon Summit ကိုပြုလုပ်သွားဖို့ရှိနေပြီး အဆိုပါ Event မှာ Snapdragon 8 Gen 3 Flagship Chipset ကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် အောက်တိုဘာလနောက်ပိုင်းမှာ Snapdragon 8 Gen 3 Chipset ကို အသုံးပြုထားမယ့် Xiaomi 14 Series ကို မြင်ရနိုင်တယ်ဆိုပြီး ခန့်မှန်းနေကြတာဖြစ်ပါတယ်။

အခုလည်း Leaker တစ်ဦးဖြစ်တဲ့ SPinfoJP ကနေ Xiaomi 14 Pro ဖုန်းရဲ့ နောက်ကျောဘက်ဒီဇိုင်းဓါတ်ပုံတွေကို ဖော်ပြခဲ့ပါတယ်။ အဆိုပါ ဓါတ်ပုံတွေအရ Xiaomi 14 Pro ဖုန်းဟာ Triple Camera Setup ကိုပဲ အသုံးပြုထားမှာဖြစ်ပြီး Xiaomi 13 Pro ဖုန်းနဲ့ တော်တော်လေးဆင်တူမှာဖြစ်ပါတယ်။ အဆိုပါ Leaker ဟာ Xiaomi 13 Ultra ဖုန်းတုန်းကလည်း ၉၀ ရာခိုင်နှုန်းအထိ တူညီအောင်ခန့်မှန်းနိုင်ခဲ့တာကြောင့် အခုထွက်လာတဲ့ Xiaomi 14 Pro ဖုန်းကလည်း မှန်ကန်နိုင်ခြေများနေပါတယ်။

Xiaomi 14 Pro ဖုန်းဟာ ဘေးဘောင်လေးဘက်စလုံးကို Curve Design ပြုလုပ်ထားမှာဖြစ်ပြီး 2.5D Bezel တွေကြောင့် ဖုန်းရဲ့ ဘေးဘောင်တွေက ပိုမိုပါးလွှာမှာဖြစ်ပါတယ်။ ဒါပေမယ့် Xiaomi 14 ဖုန်းကတော့ Flat Display ကိုပဲ ဆက်လက်အသုံးပြုထားမယ်လို့ သိရပါတယ်။

Ref – Gizmo China