Xiaomi 14 Series ရဲ့ စွမ်းရည်အမြင့်ဆုံး Xiaomi 14 Pro Titanium Special Edition ကို ၉၀၇ ဒေါ်လာနဲ့ ရောင်းချပေးထားပါတယ်။ အဲဒီဖုန်းကို ဝယ်လိုအားများနေတာကြောင့် ပစ္စည်းပြတ်နေပါတယ်။ Xiaomi CEO Lei Jun က ဝယ်လိုအားများနေတာကို သိထားပြီး များများ ထုတ်လုပ်နိုင်အောင်ကြိုးစားနေတယ်လို့ ပြောပါတယ်။

Lei Jun acknowledged the high demand of Xiaomi 14 Pro Titanium Special Edition

Lei Jun က တိုက်တေနီယမ်ဟာ ကုန်ကျစားရိတ်များပြားပြီး တည်ဆောက်ရတာ ရှုပ်ထွေးတဲ့အတွက် ဖုန်း ထုတ်လုပ်မှု နှေးနေတာလို့ ပြောပါတယ်။ Xiaomi 14 Pro Titanium Special Edition မှာ သုံးထားတဲ့ တိုက်တေနီယမ်ရဲ့ စံနှုန်းကို မြင့်မားအောင် ပြုလုပ်ထားတာကြောင့်လည်း ထုတ်လုပ်ရာမှာ ခက်ခဲနေတာ ဖြစ်ပါတယ်။ လက်ဗွေရာ မထင်အောင် ဖန်တီးထားတာကလည်း iPhone 15 Pro Series လို ပြိုင်ဖက်တွေထက် သာလွန်နေပါတယ်။

xiaomi-14-pro-titanium-special-edition

Xiaomi ရဲ့ User Operations Manager က ထုတ်လုပ်မှု တိုးတက်အောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။ သူက ဒီဖုန်းဟာ Limited Edition မဟုတ်တဲ့အတွက် တရုတ် ပြင်ပ နိုင်ငံတွေမှာ ဈေးပိုပေးပြီး မဝယ်ကြဖို့ အကြံပေးထားပါတယ်။

Xiaomi 14 Series ဟာ စတင် ရောင်းချစဉ်ကတည်းက လူကြိုက်များခဲ့ပြီး ၅ မိနစ်အတွင်း အရင်မျိုးဆက်ထက် ရောင်းအား ၆ ဆ ပိုကောင်းခဲ့ပါတယ်။

Ref : gizmochina