Xiaomi 13 Series ကို နိုင်ငံတကာမှာ ရောင်းချနေပြီ ဖြစ်ပြီး အခုတော့ Xiaomi ရဲ့ နောက်မျိုးဆက် စွမ်းရည်မြင့် ဖုန်းတွေကို အာရုံစိုက်လာကြပါပြီ။ Tipster Digital Chat Station က Xiaomi 14 Series ရဲ့ ပထမဆုံး Specs တွေကို မျှဝေလိုက်ပြီး Chipset ၊ Battery နဲ့ အားသွင်းနှုန်းတွေကို သိလာရပါပြီ။

Xiaomi 14 series to be revealed very soon, the design of Xiaomi 14 Pro is finalized! - xiaomiui

Xiaomi 14 နဲ့ Xiaomi 14 Pro ကို နိုဝင်ဘာလမှာ ကြေညာနိုင်ပြီး Snapdragon 8 Gen 3 Chipset မောင်းနှင်ထားမှာပါ။ Qualcomm ရဲ့ နောက်မျိုးဆက် စွမ်းရည်မြင့် SoC ကို အောက်တိုဘာလအတွင်း ဟာဝိုင်အီက Maui မှာ ပွဲတစ်ခုနဲ့ ကြေညာမှာပါ။ Xiaomi ဟာ အဲဒီ Chipset အသစ် ထည့်ထာတဲ့ စမတ်ဖုန်းတွေကို အစောဆုံး ရောင်းတဲ့ ကုမ္ပဏီတွေထဲက တစ်ခု ဖြစ်လာမှာပါ။

Update] Xiaomi 13 Could Launch as Xiaomi 14; Retail Box and Specifications Leaked - MySmartPrice

Snapdragon 8 Gen 3 မှာ 1+5+2 Core Architecture အသစ်ကို သုံးထားမှာ ဖြစ်ပြီး Cortex-X4 Prime Core ၁ လုံး၊ Cortex-A720 Core ၅ လုံးနဲ့ Cortex-A520 Core ၂ လုံး ပါလာမှာပါ။ GPU အပိုင်းမှာ စွမ်းဆောင်ရည် သိသိသာသာ တိုးတက်လာတဲ့ Adreno 750 ထည့်ထားနိုင်ပါတယ်။

Xiaomi 14 မှာ 90W Fast Wired Charging ၊ 50W Wireless Charging ထောက်ပံ့တဲ့ 4,860mAh Battery တပ်ဆင်ထားနိုင်ပါတယ်။ Xiaomi 14 Pro မှာ အနည်းငယ်ပိုကြီးတဲ့ 5,000mAh Battery ၊ 120W Wired Charging နဲ့ 50W Wireless Charging ပါလာနိုင်ပါတယ်။

Ref : gsmarena