Unicode

Xiaomi ကနေ MIUI ROM ကို လက်ရှိ Xiaomi စမတ်ဖုန်းအကုန်လုံးနီးပါးမှာ အသုံးပြုနေပြီးတော့ အဆိုပါ MIUI ရဲ့ အထင်ရှားဆုံးအချက်ကတော့ System UI က Apple iOS လိုမျိုးပဲ App Drawer မပါဝင်တာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Xiaomi ကနေ ဒါကို ပြောင်းလဲတော့မှာပါ။

MIUI ဟာ စစခြင်းအချိန်တုန်းက iOS နဲ့ ပုံစံတူတယ်ဆိုပြီး ဝေဖန်မှုတွေခံခဲ့ရပါတယ်။ ဒါကလည်း တခြားသော Android UI တွေလိုမျိုး App Drawer ပါဝင်ခြင်းမရှိဘဲ Home Screen မှာပဲ App တွေကို Folder နဲ့ပဲ စုစည်းထားလို့ရတာက ဝေဖန်မှုတွေ ခံရတဲ့ အကြောင်းရင်းတစ်ချက်လို့ ပြောရမှာပါ။ တချို့ကလည်း ဒီလိုမျိုး Home Screen မှာပဲ App တွေကို ထားထားတာကို သဘောကျတယ်ဆိုပေမယ့် Android Device အများစုကတော့ App Drawer နဲ့ Home Screen ကို ခွဲခြားထားကြတာဖြစ်ပါတယ်။

အဲ့ဒီအတွက် Xiaomi ကနေ ယခင်တုန်းက MIUI မှာ App Drawer Option ကို ထည့်သွင်းပေးတော့မယ်လို့ ကြေညာခဲ့ပြီး အခုအချိန်မှာတော့ MIUI Launcher Alpha Version မှာ App Drawer ကို စတင်ထည့်သွင်းလိုက်ပြီဖြစ်ပါတယ်။ ဒီ App Drawer ကို Setting – Home Screen ကနေ ပြောင်းလဲရမှာဖြစ်သလို ယခင် POCO Launcher မှာပါဝင်တဲ့ App Drawer နဲ့ ပိုပြီး ဆင်တူနေတာကိုလည်း တွေ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီ App Drawer ပါဝင်တဲ့ MIUI Launcher Alpha Version ကို Download ရယူချင်တယ်ဆိုရင်တော့ ယခု Link ကနေ ရယူနိုင်မှာပါ။ တစ်ခုသတိထားရမှာကတော့ Alpha Version ဖြစ်တဲ့အတွက် Stable Update ရရှိဖို့ အချိန်စောင့်ဆိုင်းရဦးမှာဖြစ်တဲ့အပြင် နေ့စဥ်အသုံးပြုတဲ့အချိန်မှာလည်း Error အချို့ရှိနိုင်ပါတယ်။

Ref – GSM Arena

Zawgyi

Xiaomi ကေန MIUI ROM ကို လက္ရွိ Xiaomi စမတ္ဖုန္းအကုန္လုံးနီးပါးမွာ အသုံးျပဳေနၿပီးေတာ့ အဆိုပါ MIUI ရဲ႕ အထင္ရွားဆုံးအခ်က္ကေတာ့ System UI က Apple iOS လိုမ်ိဳးပဲ App Drawer မပါဝင္တာျဖစ္ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ Xiaomi ကေန ဒါကို ေျပာင္းလဲေတာ့မွာပါ။

MIUI ဟာ စစျခင္းအခ်ိန္တုန္းက iOS နဲ႔ ပုံစံတူတယ္ဆိုၿပီး ေဝဖန္မႈေတြခံခဲ့ရပါတယ္။ ဒါကလည္း တျခားေသာ Android UI ေတြလိုမ်ိဳး App Drawer ပါဝင္ျခင္းမ႐ွိဘဲ Home Screen မွာပဲ App ေတြကို Folder နဲ႔ပဲ စုစည္းထားလို႔ရတာက ေဝဖန္မႈေတြ ခံရတဲ့ အေၾကာင္းရင္းတစ္ခ်က္လို႔ ေျပာရမွာပါ။ တခ်ိဳ႕ကလည္း ဒီလိုမ်ိဳး Home Screen မွာပဲ App ေတြကို ထားထားတာကို သေဘာက်တယ္ဆိုေပမယ့္ Android Device အမ်ားစုကေတာ့ App Drawer နဲ႔ Home Screen ကို ခြဲျခားထားၾကတာျဖစ္ပါတယ္။

အဲ့ဒီအတြက္ Xiaomi ကေန ယခင္တုန္းက MIUI မွာ App Drawer Option ကို ထည့္သြင္းေပးေတာ့မယ္လို႔ ေၾကညာခဲ့ၿပီး အခုအခ်ိန္မွာေတာ့ MIUI Launcher Alpha Version မွာ App Drawer ကို စတင္ထည့္သြင္းလိုက္ၿပီျဖစ္ပါတယ္။ ဒီ App Drawer ကို Setting – Home Screen ကေန ေျပာင္းလဲရမွာျဖစ္သလို ယခင္ POCO Launcher မွာပါဝင္တဲ့ App Drawer နဲ႔ ပိုၿပီး ဆင္တူေနတာကိုလည္း ေတြ႕ရပါတယ္။

ဘာပဲျဖစ္ျဖစ္ ဒီ App Drawer ပါဝင္တဲ့ MIUI Launcher Alpha Version ကို Download ရယူခ်င္တယ္ဆိုရင္ေတာ့ ယခု Link ကေန ရယူႏိုင္မွာပါ။ တစ္ခုသတိထားရမွာကေတာ့ Alpha Version ျဖစ္တဲ့အတြက္ Stable Update ရရွိဖို႔ အခ်ိန္ေစာင့္ဆိုင္းရဦးမွာျဖစ္တဲ့အျပင္ ေန႔စဥ္အသုံးျပဳတဲ့အခ်ိန္မွာလည္း Error အခ်ိဳ႕ရွိႏိုင္ပါတယ္။

Ref – GSM Arena