Xiaomi ဟာ အရင်နှစ် ဇူလိုင်လမှာ Mi Health လို့ခေါ်တဲ့ ကျန်းမာရေး စစ်ဆေးပေးတဲ့ App အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီတုန်းက App မှာ လမ်းလျှောက်တဲ့ ခြေလှမ်း၊ အိပ်စက်မှု အခြေအနေနဲ့ အမျိုးသမီးတွေရဲ့ ဓမ္မတာ စက်ဝန်း အပါအဝင် လုပ်ဆောင်ချက် နည်းနည်းပဲ ပါလာခဲ့ပါတယ်။ MIUI 12 ထွက်လာချိန်မှာတော့ Xiaomi က Mi Health App မှာ ပိုလန်းတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းပေးခဲ့ပြီး ခြေလှမ်းတိုင်းတာတာ ပိုတိကျလာသလို အိပ်စက်မှု အခြေအနေ တွက်ချက်တဲ့ လုပ်ဆောင်ချက် အသစ်တွေ ပါလာပါတယ်။ အခုတော့ ပိုလန်းသထက် ပိုလန်းသွားပြီ ဖြစ်ပြီး စမတ်ဖုန်း ကင်မရာကို သုံးကာ နှလုံးခုန်နှုန်းကို တွက်ချက်လာနိုင်ပါတယ်။

ဒီလုပ်ဆောင်ချက်ကို သုံးချင်ရင် App ထဲက Pulse Section အသစ်ကို သွားပြီး ညာဘက်အောက်က ခလုတ်ကို နှိပ်ပါ။ နောက် အဆင့်မှာ ကင်မရာနဲ့ Flash အပေါ် သင့်လက်ချောင်းကို တင်ဖို့ ပြောမှာပါ။ ဒါဆိုရင် သင့် သွေးခုန်နှုန်းကို စတင် တိုင်းမှာ ဖြစ်ပြီး ၁၀၀ ရာခိုင်နှုန်း ပြည့်တဲ့အထိ လက်ကို ၁ နေရာထဲမှာ ငြိမ်ငြိမ်ထားပေးရမှာပါ။

အဲဒီနောက်မှာ General Condition, Resting-State နဲ့  After Exercise စတဲ့ Condition ၃ ခုထဲက သင်နဲ့ ကိုက်ညီတာကို ရွေးပြီး View Report ခလုတ်ကို နှိပ်လိုက်ရင် သင့် နှလုံးခုန်နှုန်းကို ပြသပေးမှာပါ။ အဲဒီလုပ်ဆောင်ချက်ကို Mi Health App Version 2.7.4 မှာ ထည့်သွင်းပေးလိုက်တာ ဖြစ်ပြီး လာမယ့် ရက်အနည်းငယ်အတွင်းမှာ User အများစုမှာ ရမယ်လို့ သိရပါတယ်။

MIUI 12 မှာ နောက်ထပ်လန်းတဲ့ လုပ်ဆောင်ချက် ၁ ခုက Optical Character Recognition ဖြစ်ပြီး ဓါတ်ပုံနဲ့ စာရွက်တွေက စာသားတွေကို Edit လုပ်နိုင်တဲ့ ဖော်မက် ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေပါတဲ့ Third-party App တွေ ရှိပေမယ့် MIUI 12 ရရင် အဲဒီ App တွေ မလိုတော့ပါဘူး။

Ref : gizchina