Xiaomi က ၂၀၂၄ ခုနှစ်မှာ SU7 လျှပ်စစ်ကား ၁၂၀,၀၀၀ ရောင်းချနိုင်ဖို့ မျှော်မှန်းထားပြီး လက်ရှိမှာ ၁၀၀,၀၀၀ ကျော် ရောင်းချထားပြီးပါပြီ။
SU7 ရဲ့ ရောင်းအားကောင်းနေပေမယ့် Xiaomi ဟာ လျှပ်စစ်ကား မော်ဒယ် အသစ်ကို ဖန်တီးနေပါတယ်။ ကုမ္ပဏီ ဥက္ကဌ Lu Weibing က လျှပ်စစ်ကား မော်ဒယ်အသစ်ကို ဖန်တီးနေပြီလို့ အတည်ပြုလိုက်ပြီး လက်ရှိမှာ SU7 ရောင်းချမှုကိုပဲ အာရုံစိုက်ထားတယ်လို့ ပြောပါတယ်။
ပေါက်ကြားသတင်းအရ Xiaomi ရဲ့ နောက်လာမယ့် လျှပ်စစ်ကားဟာ SUV အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာ ကြေညာမှာ ဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ ရောင်းချနိုင်ပါတယ်။
Xiaomi ရဲ့ ကားဌာနဟာ အရည်အသွေးမြင့် ကားတွေကို ထုတ်လုပ်နိုင်တယ်ဆိုတာ SU7 က သက်သေပြထားပါတယ်။ SU7 ဟာ လှပတဲ့ ဒီဇိုင်း၊ အဆင့်မြင့် နည်းပညာနဲ့ အထင်ကြီးစရာကောင်းတဲ့ စွမ်းဆောင်ရည်ကြောင့် လူကြိုက်များနေပါတယ်။ SU7 ရဲ့ ရောင်းအားဟာလည်း တော်တော် ကောင်းနေပါတယ်။
Xiaomi ဟာ လျှပ်စစ်ကား နယ်ပယ်မှာ အဓိက ကုမ္ပဏီ ၁ ခုဖြစ်အောင် ကြိုးစားနေပါတယ်။ ကုမ္ပဏီရဲ့ ပထမဆုံး လျှပ်စစ်ကားဟာ ထင်ထားတာထက် ပိုမိုအောင်မြင်နေပါတယ်။ နောက်ထုတ်မယ့် ကားဟာလည်း အလားအလာကောင်းနေပါတယ်။ လာမယ့်လတွေအတွင်း အဲဒီကားရဲ့ သတင်းအချက်အလက်တွေ ပိုမို ထွက်ပေါ်လာနိုင်ပါတယ်။
Ref : gizmochina