Qualcomm က Upper-midrange ဖုန်းတွေအတွက် Snapdragon 7+ Gen 2 Chipset ကို ကြေညာလိုက်ပြီး အခုတော့ Xiaomi နဲ့ realme က အဲဒီ Chipset ပါမယ့် ဖုန်းတွေကို အတည်ပြုလိုက်ပါတယ်။ ကုမ္ပဏီ ၂ ခုရဲ့ ဝီဘို စာမျက်နှာတွေကနေ အဲဒီ Chipset ပါမယ့် ဖုန်းတွေဟာ Redmi Note 12 Turbo နဲ့ realme GT Neo5 SE တို့ ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။

Redmi Note 12 Turbo and Realme GT Neo5 SE confirmed to launch with SD 7+ Gen 2 chipset

ဒါ့အပြင် Tipster Yogesh Brar က Poco F5 မှာလည်း SD 7+ Gen 2 ပါလာမယ်လို့ ပြောပါတယ်။ Qualcomm ဟာ နောက်ထပ် စွမ်းရည်သင့် Chipset ဖြစ်တဲ့ Snapdragon 685 ကိုလည်း ကြေညာမယ်လို့ သတင်းထွက်နေပြီး အဲဒီ Chipset ကို Redmi Note 12 4G မှာ ထည့်သွင်းထားနိုင်ပါတယ်။

Redmi Note 12 Turbo and Realme GT Neo5 SE confirmed to launch with SD 7+ Gen 2 chipset

Xiaomi ဟာ မတ်လ ၂၃ ရက်နေ့မှာ Redmi Note 12 Series ကို ကြေညာမှာ ဖြစ်ပြီး Snapdragon 7+ Gen 2 ပါတဲ့ Redmi Note 12 Turbo ပါလာနိုင်ပါတယ်။ အဲဒီဖုန်းမှာ 6.67 Inch AMOLED FHD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate ပါလာနိုင်ပြီး 50MP Main ကင်မရာနဲ့ 67W Charging ထောက်ပံ့တဲ့ 5,500mAh Battery ထည့်သွင်းထားနိုင်ပါတယ်။

realme GT Neo5 SE မှာ AMOLED မျက်နှာပြင်၊ 144Hz Refresh Rate ၊ 50MP Main ၊ 8MP Ultrawide ၊ 2MP Auxillary ကင်မရာတွေ ပါလာနိုင်ပါတယ်။ 16GB RAM နဲ့ 512GB Storage အထိ ထည့်သွင်းထားနိုင်ပြီး Android 13 အခြေပြု realme UI 4.0 မောင်းနှင်ထားနိုင်ပါတယ်။ ဧပြီလထဲမှာ အဲဒီဖုန်းကို ကြေညာနိုင်ပါတယ်။

Ref : gsmarena