Redmi 13R 5G ကို တရုတ်မှာ ကြေညာလိုက်ပြီး ကြိုတင်မှာယူခွင့်ပေးလိုက်ပါပြီ။ အဲဒီဖုန်းမှာ 50MP AI ကင်မရာ၊ 6.74” LCD 90Hz မျက်နှာပြင် ပါလာပြီး မကြာခင်က အိန္ဒိယမှာ ကြေညာခဲ့တဲ့ Redmi 13C 5G ကို တရုတ်မှာ အမည်ပြောင်းရောင်းချတာပါ။

Xiaomi announces Redmi 13R 5G with a familiar set of specs - GSMArena.com news

Redmi 13R 5G မှာ Dimensity 6100+ Chipset မောင်းနှင်ထားပြီး 4GB RAM/128GB Storage Version ၁ မျိုးထဲ ထုတ်လုပ်ထားပါတယ်။ dual-5G ဖုန်း ဖြစ်ပြီး SIM Card ၂ ခုနဲ့ microSD Card ၁ ခု ထည့်သွင်းနိုင်ပါတယ်။

18W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပြီး ဘူးထဲမှာ 10W Adapter ကိုပဲ ထည့်သွင်းထားပါတယ်။

Xiaomi announces Redmi 13R 5G in China with a familiar set of specs

Redmi 13C 5G နဲ့ Redmi 13R 5G ရဲ့ တစ်ခုထဲသော ကွာခြားချက်က ကင်မရာ ပတ်လည်က ဒီဇိုင်းဖြစ်ပြီး တရုတ် မော်ဒယ်မှာ ဘယ်ဘက်ကနေ ညာဘက်အစွန်းအထိ အနက်ရောင် လေးထောင့် Island ပါပါတယ်။

အရောင်တွေက Black, Green နဲ့ Purple တို့ ဖြစ်ကြပါတယ်။ တရုတ်မှာ Redmi 13R 5G ကို ၉၉၉ ယွမ် သတ်မှတ်ထားပြီး ၁၄၀ ဒေါ်လာဝန်းကျင် ကျသင့်ပါတယ်။ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ရောင်းချပြီဆိုရင် Notification ရရှိမှာ ဖြစ်ပါတယ်။

Ref : gsmarena